လီဗာပူး V အဲဗာတန်တို့ရဲ့ မာဆေးဆိုဒ် ဒါဘီ ပွဲစဉ်အတွက် ခရစ်ဆက်တန်ရဲ့ ပွဲရလဒ် ခန့်မှန်းချက်

နိုင်ငံတကာ သီတင်းပတ်အပြီး ၂ ကြိမ် ဆက်တိုက်အဖြစ် လီဗာပူးအသင်းဟာ စနေ အစောဆုံးပွဲအဖြစ် မာဆေးဆိုဒ့် မြို့ခံပြိုင်ဘက် အဲဗာတန်ကို အိမ်ကွင်း အန်ဖီးမှာ ယှဉ်ပြိုင်ရပါမယ်။

ပြီးခဲ့တဲ့ တစ်ကြိမ် ဝုဗ်ပွဲကိုတော့ အဝေးကွင်း သွားရောက် ကစားခဲ့ရပြီး ဒီပွဲကို အိမ်ကွင်းမှာ ဧည့်ခံရတာမို့ အသင်းအတွက် အကျိုးဖြစ်မယ် မျှော်လင့်ရတယ်။ ဒီပွဲစဉ်အတွက် ဘီဘီစီမှ ခရစ်ဆက်တန်က အခုလို ခန့်မှန်းပါတယ်။

Liverpool v Everton

ဒီနှစ်တွေအတွင်း လီဗာပူးအသင်းကို ရင်ဆိုင်ထားတဲ့ အဲဗာတန်ရဲ့ ရလဒ် မှတ်တမ်းတွေက အတော်လေး ဆိုးပါတယ်။ ၂၀၁၀ တည်းက သူတို့ဟာ အိမ်ကွင်းကော အဝေးကွင်းမှာပါ လီဗာပူးကို ၁ ပွဲပဲ အနိုင်ရထားခဲ့တယ်။ ဒီတစ်ကြိမ်မှာလည်း လီဗာပူးကို အနိုင်ရမယ် မထင်ပါဘူး။

လီဗာပူးက ဒီအခြေအနေလောက်နဲ့ ရပ်တန့်နေမှာ မဟုတ်သလို ဆိုဘိုစလိုင်နဲ့ မက်ကယ်လစ္စတာတို့က ကွင်းလယ်မှာ အတော်လေး အထင်ကြီးဖို့ ကောင်းပါတယ်။ သူတို့ အသင်းမှာ တိုက်စစ်သမားကောင်းတွေလည်း အများကြီး ရှိပါတယ်။ အဲဗာတန်အတွက်တော့ လီဗာပူးအသင်းက တောင့်တင်းလွန်းပါတယ်။

ပြီးခဲ့တဲ့ ၂ ရာသီ အန်ဖီးကွင်းမှာ လီဗာပူးက အဲဗာတန်ကို ၂-၀ ဖြင့် ဆက်တိုက် အနိုင်ရထားတယ်။ ဒီပွဲမှာလည်း ၂-၀ ရလဒ်ပဲ ထွက်မယ် ထင်ပါတယ်။ အဲဗာတန် ၁ ဂိုးလောက်ရမယ် ထင်ပေမယ့် ကျနော် သမီးက ၂-၀ ပဲ ဖြစ်မှာပါတဲ့။ ဒီတစ်ကြိမ် သမီးရဲ့ စကားကိုပဲ နားထောင်လိုက်ပါမယ်။

ဆက်တန် ခန့်မှန်းရလဒ်ကတော့ လီဗာပူး 2-0 အဲဗာတန် ပဲ ဖြစ်ပါတယ်။