

ဒီအပတ် လီဗာပူးအသင်းထံ လေ့ကျင့်ရေး ပူးပေါင်းမှု မလုပ်ခင် ထရန့်ဟာ ကားမတော်တဆမှု တစ်ခုနဲ့ ကြုံခဲ့ရပါတယ်။ ချက်ရှိုင်းယားမှာ မုန်တိုင်းကြောင့် လျှပ်စစ်တိုင် တစ်ခုဟာ ထရန့် ကားအနီး ပျက်ကျခဲ့ရာက ယာဉ်တိုက်မှုဖြစ်ခဲ့ပေမယ့် ကြီးကြီးမားမား မဖြစ်ခဲ့တာ ကံကောင်းခဲ့ပါတယ်။
ချိန်ဘာလိန်ဟာ လီဗာပူးအသင်းက သူ့ကို စာချုပ်သစ်ကိစ္စ တိုးမယ် မတိုးဘူး ရေရေရာရာ မပြောခဲ့ခြင်းကို အံ့အားသင့်ခဲ့ပြီး ရာသီကုန်မှ နှုတ်ဆက်လမ်းခွဲမယ်လို့ အကြောင်းကြားခံခဲ့ရကြောင်း ထုတ်ပြောခဲ့ပါတယ်။
ဘယ်အစွန်လူ ရော်ဘတ်ဆန်ရဲ့ ပုခုံးဒဏ်ရာ ခွဲစိတ်ရမှာဖြစ်ပေမယ့် သူ့နေရာမှာ ကိုစတက်နဲ့ ဂိုးမက်စ်တို့ ကစားနိုင်ကြောင်း ကလော့ပ်က ထုတ်ပြောပါတယ်။
သီယေဂို၊ ဘာ့ဆဲတစ်၊ ဗန်ဒုတ်တို့ ဒဏ်ရာကြောင့် ကစားနိုင်ခြင်း မရှိသေးဘဲ ဘယ်အစွန်လူ လုချိမ်ဘာကတော့ ပြန်သက်သာလာကာ ပထမအသင်းနဲ့ လေ့ကျင့်ရေး ဝင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ယူနီယံစိန့်ပွဲ မတိုင်ခင် ဒဏ်ရာ ၁၂ ချက် ချုပ်ခဲ့ရတဲ့ ကလယ်ဟာဟာ ကြာသပတေးနေ့ကစလို့ အသင်းရဲ့ လေ့ကျင့်ရေးထဲ ပြန်ဝင်နေပါပြီ။
နည်းပြကလော့ပ်ဟာ မက်ကယ်လစ္စတာကို ကွင်းလယ် အတွင်းလူနေရာမှာ ဆက်ထားမှာဖြစ်ပြီး အာဂျင်တီးနားအသင်းမှာလည်း အဲ့နေရာကပဲ ကစားနေတာမို့ မာကာ အောင်မြင်မယ်လို့ ယုံကြည်ချက်ရှိနေပါတယ်။
နေပယ် သတင်းထောက်တွေကတော့ လီဗာပူးအသင်းဟာ အိုဆင်ဟမ်အတွက် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ယူဖို့ အဆင်ပြေနေပြီလို့ ဆိုကြပါတယ်။
နောက်ဆုံး ၅ ရာသီမှာ လီဗာပူးအသင်းဟာ နိုင်ငံတကာသီတင်းပတ် အပြီး စနေ အစောပွဲတွေကို အများဆုံးအဖြစ် ၆ ကြိမ်ကစားထားရပေမယ့် မန်ယူနိုက်တက်ကတော့ တစ်ကြိမ်မှ မကစားရပါဘူး။
ဒီရာသီ ပရီးမီးယားလိဂ်မှာ VAR မရှိရင် လီဗာပူးအသင်းဟာ ရမှတ် ၂၂ မှတ်ဖြင့် ဇယားထိပ်မှာ ရှိနေမှာဖြစ်ကာ မန်စီးတီးထက် ၄ မှတ် ပိုများပါလိမ့်မယ်။