ကျနော်တို့ ရေးနေကျ ပွဲပြီး စကားစမြည်းကတော့ အေးဆေးမှ လာပါမယ်။ အခုကတော့ မာဆေးဆိုဒ် သတင်းထောက်ကြီး Ian Doyle ရဲ့ ပွဲမှာ ဘယ်သူတွေကောင်းပြီး ဘယ်သူတွေ မကောင်းဘူးလဲ ဖော်ပြမှုကို မျှဝေလိုက်ပါတယ်။
Alisson Becker (7/10) – ပွဲအစောပိုင်း ကယ်ဗက်လီဝင်ရဲ့ ခေါင်းတိုက်ချက်ကို ကာကွယ်ရတာကလွဲလို့ ထွေထွေထူးထူး လုပ်ပြခဲ့ရတာ မရှိပါဘူး။
Trent Alexander-Arnold (7/10) – ပထမပိုင်းမှာ ကွင်းလယ်ကို တွန်းပေးနိုင်ဖို့ အားထုတ်ခဲ့တယ်။ ဒုတိယပိုင်းမှာ တိုက်စစ်ကို ပိုလိုက်ခဲ့သလို အဲဗာတန်တို့ တိုက်စစ်ခြိမ်းခြောက်မှု လုပ်လာဖို့ ခံစစ်ကူပေးဖို့ လိုအပ်လာချိန်တွေမှာ ခုခံပုံ ကောင်းခဲ့ပါတယ်။
Ibrahima Konate (6/10) – အစောပိုင်း အမှားလုပ်ခဲ့ပေမယ့် ခံစစ်ပိုင်း ကစားပုံ ကျစ်လစ်ခဲ့ပါတယ်။ သိုပေမယ့်လည်း ဒုတိယပိုင်းမှာ ကံကောင်းလို့ ဒုတိယအဝါကဒ် အပြမခံရတာပါ။ လူစားလဲခံခဲ့ရပါတယ်။
Virgil van Dijk (8/10) – ပွဲအစ မိနစ်ကလွဲရင် ကယ်ဗင်လီဝင်ကို တစ်ပွဲလုံး အသာရခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုတွေမှာ ပူးပေါင်းမှု ကောင်းပါတယ်။ မလိုအပ်တာ ဘာမှ မလုပ်ခဲ့ဘူး။ ကပ္ပတိန်တစ်ယောက်ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်မျိုးပါပဲ။ (ဖြည့်ပြောရရင် VAR ဆုံးဖြတ်ချက်တွေကို ကောင်းကောင်းကြီး ဝင်ပါခဲ့ပါတယ်)
Kostas Tsimikas (5/10) – ပေးချက် အနည်းငယ်ကို သေသေချာချာ မလုပ်ခဲ့လို့ ပရိသတ်တွေ ရင်ပူခဲ့ရတယ်။ တိုက်စစ်ဖွင့်ချိန် ပေးမှုတွေကလည်း မကောင်းပါဘူး။ ခပ်စောစော လူစားလဲခံခဲ့ရပါတယ်။
Alexis Mac Allister (7/10) – အဲဗာတန်က သူ့ကို ဦးတည်ပြီး ကစားခဲ့ပါတယ်။ ဒါပေမယ့် ပွဲအစမိနစ်တွေကလွဲရင် အသားကျသွားခဲ့တယ်။ ဒုတိယပိုင်းမှာ လမ်းကြောင်းတွေ ဖွင့်ပေးခဲ့ပါတယ်။ ဒုတိယဂိုးအတွက် ဒါဝင်ကို အကောင်းဆုံး ရှာဖွေပြီး ပေးချက်ကောင်း လုပ်ခဲ့ပါတယ်။
Dominik Szoboszlai (7/10) – အထနှေးခဲ့ပြီးမှ ပွဲအပေါ် လွှမ်းမိုးမှု ရှိလာခဲ့တယ်။ နောက်ဆုံး မိနစ်တွေမှာ အဲဗာတန်ရဲ့ ဖိအားပေးမှုကို ကျော်ဖြတ်ဖို့ အသင်းကို ကူညီပေးခဲ့ပါတယ်။
Ryan Gravenberch (6/10) – အစကောင်းပါတယ် ဘောလုံးကို ထိန်းထားလို့ ဖရီးကစ်တွေလည်း သူ့ကြောင့် အနိုင်ရခဲ့တယ်။ သူ့ရဲ့ ကန်ချက် ပိတ်ခံခဲ့ရတာလည်း ရှိပါတယ်။
Mohamed Salah (7/10) – သူ့ရဲ့ အခွင့်အရေး တစ်ကြိမ်က လွဲချော်ခဲ့ပေမယ့် ပထမပိုင်းမှာ သိပ်ကို ကြိုးစားလွန်းတာကပဲ အရာမထင် ဖြစ်စေခဲ့တယ်။ ဒုတိယပိုင်းမှာ ပိုကောင်းလာပြီး ဂိုးရလောက်တဲ့ အခွင့်အရေးက ပိတ်ကာခံလိုက်ရတယ်။ ပင်နယ်တီ ကန်သွားတာ သပ်ရပ်တယ်၊ ဒုတိယဂိုးကို ကောင်းကောင်း အဆုံးသတ်ပေးခဲ့တယ်။
Diogo Jota (6/10) – အန္တရာယ်များတဲ့ နေရာတွေမှာ ဖရီးကစ် အနိုင်ရအောင် လုပ်ပေးပေမယ့် တိုက်စစ်ပိုင်းမှာ လိုအပ်သလောက် ပါဝင်ပေးနိုင်ခဲ့ခြင်း မရှိပါဘူး။ ဆက်ပြီး ကြိုးစားခဲ့သလို ဂိုးရဖို့ ကန်သွင်းခဲ့တာတွေ ရှိပါတယ်။
Luis Diaz (7/10) – ပထမပိုင်း သူ့ရဲ့ ကန်ချက် အက်ရှလေယန်းနဲ့ ထိလို့ လမ်းကြောင်း ပြောင်းပြီး စင်ထွက်သွားပါတယ်။ ဘယ်ခြမ်း တောင်ပံ-အစွန်လူအဖြစ် ကစားခဲ့ပြီး သူ့ကြောင့် ပင်နယ်တီရခဲ့တာပါ။
Harvey Elliott (ပွဲချိန် ၆၂ မိနစ်မှာ ကိုစတက်နေရာ အစားဝင်) (7/10)
ဝင်လာပြီး လီဗာပူးလိုအပ်နေတဲ့ အင်အားနဲ့ စိတ်အားထက်သန်မှုတွေ ပေးခဲ့ပါတယ်။ သူ့ရဲ့ သိပ်ကောင်းတဲ့ ကန်ချက်က ဂိုးရဖို့ နီးခဲ့ပါတယ်။
Darwin Nunez (ပွဲချိန် ၆၂ မိနစ်မှာ ဂရာဗင်ဘက်ချ်နေရာ အစားဝင်) (7/10)
ဒုတိယဂိုးအတွက် ပါဝင်ကူညီမှု မတိုင်ခင်ထိ အရမ်းကြီး ပါဝင်ပေးနိုင်ခဲ့ခြင်း မရှိပါဘူး။
Joel Matip (ပွဲချိန် ၆၇ မိနစ်မှာ ကိုနတေးနေရာ အစားဝင်) (7/10)
ခံစစ်ကနေ ဘောလုံးထုတ်လာဖို့ ကူညီပေးခဲ့ပြီး ကောင်းမွန်တဲ့ သက်ရောက်မှုတွေ မြင်ခဲ့ရပါတယ်။
Joe Gomez (ပွဲချိန် ၈၀ မိနစ်မှာ ဒီယက်ဇ်နေရာ အစားဝင်) (7/10)
နောက်ဆုံးမိနစ် နီးလာချိန်တွေမှာ ဘယ်ခြမ်းကနေ ခံစစ်ပိုင်း လုပ်ဆောင်မှုတွေကို ပိုကောင်းကောင်း တာဝန်ယူပေးခဲ့ပါတယ်။