

မနေ့က လီဗာပူး ၂-၀ အဲဗာတန် ပွဲအပြီးမှာ မန်စီးတီးက ဘရိုက်တန်ကို အနိုင်ရပြီး အာဆင်နယ်က ချယ်ဆီးနဲ့ သရေကျခဲ့တာကြောင့် လီဗာပူးအသင်း အမှတ်ပေးဇယား အဆင့် ၃ နေရာကို ၁ မှတ်အကွာဖြင့် ဆင်းပေးခဲ့ရပါတယ်။
အယ်လီဆန်ဟာ ၂၀၂၃ ခုနှစ်အတွင်း ပရီးမီးယားလိဂ်မှာ clean sheet အများဆုံးရတဲ့ ဂိုးသမားဖြစ်လာပါတယ်။ (၁၂ ပွဲ)
ဒါဝင် နူးညက်စ်ဟာ လီဗာပူးကစားသမားဘဝ ဂိုးထောက်ပံ့မှု ၈ ကြိမ် လုပ်ထားခဲ့ပြီး အားလုံးက ဆာလာအတွက် ဖြစ်ပါတယ်။
ဘရိုက်တန်ပွဲက ဒါဝင်နည်းတူ အဲဗာတန်ပွဲမှာ ဆိုဘိုကလည်း ပင်နယ်တီ ဖြစ်ရပ်အတွင်း ဘောလုံးကို ယူထားခဲ့ကာ သူတို့ ဒီလိုလုပ်တာဟာ ဆာလာကို ပြိုင်ဘက်ရဲ့ ထိုးနှက်ခြင်း မခံရဖို့ အသင်းအနေနဲ့ ကာကွယ်ပေးနိုင်အောင်လို့ ဖြစ်ကြောင်း ဆိုဘိုက ထုတ်ပြောပါတယ်။
အဲဗာတန်ပွဲမှာ ကိုနတေး နှစ်ဝါ တစ်နီ မဖြစ်ခဲ့တာ ကံကောင်းတယ်လို့ နည်းပြကလော့ပ်က ဝန်ခံလိုက်ပြီး သူ့ကို လူစားလဲကာ ခံစစ်ကို ကျစ်ကျစ်လစ်လစ် ဖြစ်အောင် ပြန်တည်ဆောက်နိုင်ခဲ့ကြောင်း ထုတ်ပြောလာပါတယ်။
ဒီရာသီမှာ ယာဂင်ကလော့ပ်ရဲ့ လူစားလဲမှုတွေဟာ အတော်လေး မှန်ကန်တာကို ပရိသတ်တွေ သတိပြုမိနေပါတယ်။ အကယ်လို့ ဘရိုက်တန်ပွဲမှာ ဂျိုတာ ဒါမှမဟုတ် ဂက်ပိုတို့ကို သုံးခွင့်ရခဲ့ရင် ၂-၂ ရလဒ်ဆိုတာထက် အနိုင်ရခဲ့နိုင်တာလို့ ပရိသတ်တွေက မှတ်ချက်ပေးနေပါတယ်။
မာကာဟာ လက်ရှိ ကစားနေတဲ့ 6 Role မှာ ပျော်ရဲ့လား မသေချာပေမယ့်လို့ သူဟာ နေရာစုံမှာ ကစားနိုင်စွမ်းရှိကြောင်း ဗန်ဒိုက်က မှတ်ချက်ပေးပါတယ်။
ကိုနတေးကို ထုတ်ပယ်ခြင်း မရှိတဲ့ ဖြစ်ရပ်ကို အဲဗာတန်ပရိသတ်တွေ အတော်လေး ဒေါပွနေပြီး ပွဲကို ပြန်ကန်ချင်တယ်လို့ ရွဲ့စောင်းဟာ ဆန္ဒ ထုတ်ဖော်နေကြပါတယ်။
လီဗာပူးအသင်းရဲ့ လာမယ့် ပရီးမီးယားလိဂ် ၃ ပွဲကတော့ နော်တင်ဟမ် ဖောရက်စ် (အိမ်ကွင်း)၊ လူတန် (အဝေးကွင်း)၊ ဘရန့်ဖိုဒ့် (အိမ်ကွင်း) တို့ဖြစ်ပါတယ်။