ဘရိုက်တန် ၂-၂ လီဗာပူး ပွဲကပေးတဲ့ သင်ခန်းစာအကြောင်း ကောက်နှုတ်မှုတွေ ရှိလာ

နိုင်ငံတကာသီတင်းပတ် မတိုင်ခင် ဘရိုက်တန် ၂-၂ လီဗာပူး ပွဲစဉ်ဟာ သရေပွဲအဖြစ် ပြီးဆုံးခဲ့ပေမယ့် နည်းစနစ်ပိုင်း လေ့လာသူတွေကြားမှာတော့ ဗီဒီယိုဖိုင်ဖြင့် ကောက်နှုတ် မှတ်သားရတဲ့ အနေအထားအချို့ ရှိလာနေပါတယ်။

တယ်လီဂရပ်က ဖော်ပြရာမှာတော့ ဘောလုံးပွဲတွေရဲ့ တစ်ဦးချင်းဆိုင်ရာ ထိပ်တိုက် ရင်ဆိုင်မှုတွေကို လေ့လာသူတွေဟာ ကွင်းလယ်ပိုင်း ဖိအားပေးမှုတွေရဲ့ သက်ရောက်မှုကို အဆိုပါပွဲကနေ သင်ယူမှုအချို့ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ပုံမှန်အားဖြင့်တော့ ဒီလို တစ်ဦးချင်း ထိပ်တိုက် ယှဉ်ပြိုင်မှုတွေဟာ တောင်ပံသမားတွေက အစွန်လူတွေကို ကျော်ဖြတ်တဲ့ အပိုင်းမှာပဲ သိသိသာသာ သက်ရောက်မှု ရှိခဲ့တာပါ။

ဥပမာအားဖြင့် အဲဗာတန်ပွဲမှာ ဒီယက်ဇ်က အက်ရှလေယန်းကို သိသိသာသာ အသာစီးယူနိုင်ရာက ပြိုင်ဘက်ကို နှစ်ဝါ တစ်နီဖြင့် ထွက်စေခဲ့ခြင်းနဲ့ ဆာလာဟာ တောင်ပံတွေမှာ မန်ကိုလန်ကိုကို ကျော်ဖြတ်ဖို့ ရှုံးနိမ့်ခြင်းကြောင့် လီဗာပူး တိုက်စစ် အသက်မဲ့ခဲ့ခြင်းလို တစ်ဦးချင်း ယှဉ်ပြိုင်မှုတွေ ဖြစ်ပါတယ်။

ဘရိုက်တန်ပွဲမှာတော့ ကွင်းလယ် ဧရိယာအတွင်း တိုက်စစ်သမားတွေက ကစားကွက် တည်ဆောက်မှု ကောင်းတဲ့ ပြိုင်ဘက် ခံစစ်သမားနဲ့ ဂိုးသမားကို ဖိအားပေးခြင်းဟာ အစွန်ပိုင်း ထိပ်တိုက်တွေ့မှုလို ပွဲအခြေအနေအပေါ် သက်ရောက်မှု ကြီးမားတဲ့ ဖြစ်ရပ်တွေကို ဖြစ်စေခဲ့ပါတယ်။

ဘောလုံးပိုင်ဆိုင်မှုကို ရဖို့ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကြိုးစားတဲ့ ကလပ်နှစ်သင်း ယှဉ်ပြိုင်ချိန်မှာ ခံစစ်ကနေ ဘောလုံးမထုတ်နိုင်အောင် ဘယ်လို နှောက်ယှက်ကြမလဲ သင်ကြားမှုအတွက် ဘရိုက်တန် vs လီဗာပူးပွဲကနေ ဗီဒီယိုဖိုင်တွေ ထုတ်နှုတ်မှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ၉ ပွဲကစားပြီးချိန်မှာ လီဗာပူးအသင်းဟာ ချယ်ဆီး၊ နယူးကာဆယ်၊ အက်စတွန်ဗီလာ၊ စပါး၊ ဘရို်က်တန် အပါအဝင် အသင်းကောင်း အများအပြားဖြင့် ထိပ်တိုက်တွေ့ထားခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရှိနေတာပဲ ဖြစ်ပါတယ်။