မာကာ အသင်းဖော်အဖြစ် တွဲကစားချင်တဲ့ ကွင်းလယ်လူကို ခြေစွမ်း စောင့်ကြည့်နေတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာ အသင်းမှ ကွင်းလယ်လူ Ezequiel Fernandez ကို စောင့်ကြည့်မှု လုပ်နေတယ်လို့ သိရပါတယ်။

ဖာနန်ဒက်စ်ဟာ ကွင်းလယ်ခံစစ်နေရာ အဓိက ကစားသူဖြစ်ပြီး သူ့ရဲ့ ခြေစွမ်း တိုးတက်မှုကို စောင့်ကြည့်ပေးဖို့ မာကာ ကိုယ်တိုင်က လီဗာပူးကို ထောက်ခံပေးထားခြင်းလို့ သိရတယ်။

အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူဟာ Copa Libertadores ဖိုင်နယ်ပွဲမှာ ဖလူမီနက်စ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲမှာ ဘရာဇီးကလပ်ရဲ့ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူ အန်ဒရီဟာလည်း လီဗာပူးရဲ့ ပစ်မှတ်ထဲ ပါဝင်ထားပါတယ်။

ဖာနန်ဒက်စ်ကို လက်တလောမှာ စီးရီးအေကလပ် အေစီမီလန်နဲ့ ပေါ်တူဂီကလပ် ဘင်ဖီကာတို့ကလည်း ကင်းထောက်လွှတ်ကာ စောင့်ကြည့်နေပါတယ်။

ဘိုကာ အသင်းသားဟောင်းဖြစ်တဲ့ မာကာကတော့ ဖာနန်ဒက်စ်ဟာ ဘောလုံး လက်ခံယူဖို့ အမြဲတမ်း အသင်းရှိနေပြီး ခြေနှစ်ဘက်လုံးနဲ့ ကစားနိုင်သူဖြစ်သလို 5 Role နေရာကော အတွင်းလူ နေရာပါ ကစားနိုင်တယ်လို့ မှတ်ချက်ပေးထားဖူးပါတယ်။

လက်ရှိ လီဗာပူးအသင်းမှာ 6 Role သမားစစ်စစ်အဖြစ် အန်ဒိုရှိနေပြီး နည်းပြကလော့ပ်ကတော့ မာကာကို အဆိုပါနေရာ သုံးနေတာပါ။ လီဗာပူးပရိသတ်တွေက ဘရို်က်တန်မှာ တောက်ပခဲ့တဲ့ တိုက်စစ်အားသန် ကွင်းလယ်လူ ပုံစံ မာကာကို မြင်လိုနေတာ ဖြစ်ပါတယ်။

မာကာဟာ အာဂျင်တီးနား အသင်းမှာလည်း 6 Role ကိုပဲ တာဝန်ယူနေသူဖြစ်ပြီး သူကိုယ်တိုင်ကတော့ နည်းပြကစားစေလိုတဲ့ ကွင်းလယ်နေရာကို ကစားသွားမယ်လို့ ထုတ်ပြောထားပါတယ်။