

ပရီးမီးယားလိဂ် ပွဲစဉ် ၉ အပြီးမှာ မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးတို့က ဇယားထိပ်တွေမှာ ရပ်တည်နေပါတယ်။ ဒီရာသီမှာ လီဗာပူးအသင်း ဘယ်လောက်ထိ အမြင့်ရောက်နိုင်မလားက ဆွေးနွေးစရာ ဖြစ်လာနေပါတယ်။
ခြေစွမ်း ကောင်းကောင်း မကောင်းကောင်း ဂိုးသွင်းနိုင်နေတဲ့ ဆာလာကြောင့်ပဲ Match of the Day က ” အခု ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားက ဆာလာလား?” လို့ ဆွေးနွေးဖို့ မေးခွန်းထုတ်ခဲ့တယ်။
အလန်ရှီးယားက ” ကျနော်ကို ခြေစွမ်း မကောင်းဘူး၊ ဂိုးတော့ရမယ် ဆိုရင် ကျနော်တော့ အပတ်တိုင်း ခြေစွမ်းမကောင်းတာကိုပဲ ယူမိမှာပဲ။ ကျနော် ဘယ်လို ကစားတယ်ဆိုတာကို ဂရုမစိုက်ပါဘူး။ ခြေစွမ်းကောင်းကောင်း ကစားချင်တာပေါ့ အဲ့တာက အမြဲမှ မဖြစ်နိုင်တာ ” လို့ ဆာလာဘက်က ထောက်ခံခဲ့တယ်။
မီဂါရစ်ချက်က ” သိပ်ကောင်းတဲ့ မေးခွန်းပါပဲ။ ကုန်ခဲ့တဲ့ နှစ်တွေမှာ ဂိုးတွေနဲ့ ပတ်သက်လာရင် ဆာလာက အမြဲတမ်း တည်ငြိမ်မှုရှိပါတယ်။ ကစားပုံမကောင်းရင်တောင် ခြေစွမ်း တည်ငြိမ်ပါတယ်။ ကျနော်က သူ့အမာခံ ပရိသတ်ပါ။ ကျနော်ကတော့ ဆာလာလို့ ပြောမှာပါ ” လို့ ဆိုခဲ့ပါတယ်။
ဆာလာလို အကောင်းဆုံး ကစားသမားကို ပိုင်ဆိုင်ထားတဲ့ လီဗာပူးက ပရီးမီးယားလိဂ်ဖလား အောင်မြင်နိုင်မလား မေးခွန်းကိုတော့ နယူးကာဆယ် တိုက်စစ်မှူးဟောင်း အလန်ရှီးယားက ထောက်ခံပါတယ်။
” လီဗာပူးက ပရီးမီးယားလိဂ်ဖလား အနိုင်ရနိုင်ပါတယ်။ သူတို့က အမြဲတမ်း ဂိုးသွင်းနိုင်တဲ့ အရည်အချင်းရှိတဲ့ အသင်း ဖြစ်ပါတယ်။ သွင်းဂိုးက သူတို့အတွက် ပြဿနာ မဟုတ်ဘဲ ခံစစ်ပိုင်းကိုပဲ နည်းနည်းလေး စိတ်ပူနေရတာပါ။
လီဗာပူးအသင်းမှာ ရော်ဘတ်ဆန် ဒဏ်ရာရနေတာ ရှိပြီး အဲ့တာကို သူတို့ ဖြေရှင်းရဖို့ လိုပါတယ်။ ကိုစတက် ဝင်လာပေမယ့် ခပ်မြန်မြန်ပဲ ထုတ်ခံလိုက်ရတယ်။ သူတို့ ခံစစ်က အားနည်းတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ခံစစ်မှာလည်း သူတို့ တိုးတက်လာတာတော့ ရှိပါတယ်။
ကျနော်ကတော့ လီဗာပူးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်လာနိုင်မယ်လို့ ထင်ပါတယ် ” လို့ အလန်ရှီးယားက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။