အန်ဒရီကို ခေါ်ယူရေး သဘောတူညီမှုရခြင်း၊ နောင်တရနေတဲ့ ဆူဆို၊ single ဖြစ်သွားတဲ့ ဆိုဘိုနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

အန်ဒရီကို ခေါ်ယူနိုင်ဖို့ အယ်လီဆန်က ကြားဝင် ကြိုးစားပေးနေပြီး လီဗာပူးအသင်းဟာ ကစားသမားနဲ့ သဘောတူညီမှု ယူနိုင်ခဲ့ပါပြီ။ သို့ပေမယ့် ကလပ်နှစ်သင်းကြားတော့ ညိနှိုင်းနေရဆဲပါ။

တူးလုစ်နဲ့ပွဲမှာ ဟာဗေးနဲ့ ဒါဝင်ကို ပွဲထွက်ခွင့်ပေးမယ်လို့ သိရပြီး လူငယ် ကြယ်ပွင့် အချို့ကို တွဲထုတ်လာနိုင်ပါတယ်။

ဒီရာသီ ဘောလုံးပွဲမစခင်မှာ ဗန်ဒိုက်ဟာ ကိုယ့်ဘက်ခြမ်းအတွင်း အသင်းသားတွေကို စုစည်း ပွေ့ဖက်ကာ တိုက်တွန်းစကား ပြောဆိုလေ့ရှိပါတယ်။ အဲ့တာဟာ ဆဲတစ်အသင်းမှာ လုပ်လေ့ရှိတဲ့ အလေ့အထကို သူအသင်းခေါင်းဆောင် အဖြစ် တာဝန်ယူစဉ် လီဗာပူးမှာ ကျင့်သုံးခြင်းလို့ ဗန်ဒိုက်က ပြောပါတယ်။

ဒီနေ့ခေတ်မှာ ဂိုးသမား​တွေဟာ ကာကွယ်မှုနဲ့ ဖြတ်တင်ဘောတွေကို တားဆီးဖို့အပြင် ခြေထောက်နဲ့ ဘောလုံးကစားနိုင်ဖို့ လိုအပ်လာပါကြောင်း အယ်လီဆန်က ထုတ်ပြောလာပါတယ်။

လက်ရှိ လီဗာပူးအသင်းရဲ့ သက်တော်ရှည် ကစားသမား ဂျိုးဂိုးမက်စ်ဟာ နည်းပြကလော့ပ် လက်အောက် ပွဲထွက်ခွင့်ရသူတွေထဲ ဂိုးမသွင်းနိုင်တဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်နေဆဲဖြစ်ပါတယ်။

ဆီးဗီးလာအသင်း တိုက်စစ်အားသန်သမား ဆူဆိုကတော့ ၂၀၁၅ တုန်းက လီဗာပူးကနေ ထွက်ဖို့ ရွေးချယ်ခဲ့မှုမျိုး နောက်ထပ်တစ်ကြိမ် အခွင့်အရေးရရင် လုပ်မိမှာ မဟုတ်ဘူးလို့ ထုတ်ပြောလာပါတယ်။

လီဗာပူးအသင်းနဲ့ မူဆီယာလာကြား အပြောင်းအရွှေ့ ကိစ္စဟာ မဖြစ်နိုင်သလောက် အခြေအနေလို့ သိရပါတယ်။ တိုက်စစ်သမားဟာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ် အဆင်မပြေဘဲ နောက်နှစ်တွေမှာ အသင်းပြောင်းနိုင်ပါတယ်။

ကောလဟာလ သတင်းတွေအရ ဆိုဘိုစလိုင်ဟာ သူတွဲနေတဲ့ ကောင်မလေးနဲ့ ပြတ်သွားပြီး single ပြန်ဖြစ်သွားပြီလို့ သိရပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အခန့်ညားဆုံး ယောက်ကျားလို့ တင်စားခံရတဲ့ ဆိုဘိုစလိုင်ရဲ့ သတင်းကို ပျော်ရွှင်နေကြတဲ့ အမျိုးသမီးထု ထွက်ပေါ်လာနေပါတယ်။