

ပွဲပယ် ပြစ်ဒဏ်ကြောင့် ဘောလုံးပွဲတွေနဲ့ ဝေးကွာနေရချိန်မှာ ကွင်းထဲ ပြန်ဝင်ကစားဖို့ အတော်လေး စိတ်အားထက်သန်နေပါတယ်လို့ ယူရိုပါလိဂ်ပွဲကြို မီဒီယာတွေ့ဆုံမှုမှာ ကာတစ်ဂျုံးက ပြောလာပါတယ်။
အဲဗာတန်ပွဲမှာ ဒါဝင်ကို ပွဲထွက်ကနေ မသုံးခဲ့တာ အသေးစား ထိခိုက်ထားမှုကြောင့်လို့ ကလော့ပ်က ထုတ်ပြောလာပါတယ်။ တူးလုစ်ပွဲအတွက်ကော ဒီအပတ် ပရီးမီးယားလိဂ် ပွဲအတွက်ပါ ဒါဝင်ကို ရွေးချယ်လို့ ရနေပြီလို့လည်း ဆက်ပြောခဲ့ပါတယ်။
တူးလုစ်ပွဲမှာ လီဗာပူးအသင်းဟာ သတင်းထွက်နေသလို ပွဲထွက် ၁၁ ဦးလုံး ပြောင်းလဲမှာ မဟုတ်ဘဲ တောင့်တင်းတဲ့ လူစာရင်းမျိုးကို ပွဲထုတ်လာဦးမယ်လို့ သိရပါတယ်။
၂၀၀၅ တုန်းက လီဗာပူးအသင်း ချန်ပီယံလိဂ် အောင်မြင်ခဲ့စဉ် အရေးပါတဲ့ ခံစစ်မှူးအဖြစ် အသုံးတော်ခံခဲ့တဲ့ ကာရေဂါဟာ အဆိုပါနှစ်ရဲ့ ဘလွန်းဒီအောဆုမှာ မန်ချက်စတာ ယူနိုက်တက်မှ ရော်နယ်ဒိုကို ကျော်ပြီး အဆင့် ၁၉ နေရာက ရပ်တည်ခဲ့ပါတယ်။
ဒီကိစ္စကို မနက်က ချန်ပီယံလိဂ်ပွဲတွေအပြီး အွန်နရီ၊ ကာရေဂါ၊ မီဂါရစ်ချက်တို့ရဲ့ ချန်ပီယံလိဂ် ဆွေးနွေးမှုမှာ ရုပ်သံဘက်က ထုတ်ပြခဲ့ရာက အတော်လေး ပွဲကျခဲ့ပါတယ်။
နွေကမှ လီဗာပူးကို ပြောင်းလာခဲ့ပြီး လူငယ်အသင်းမှာ ခြေစွာလွန်းနေတဲ့ ကွင်းလယ်လူ နိုင်ယွန်နီဟာ ယူရိုပါလိဂ်ပွဲကြိုမှာ နည်းပြကလော့ပ်ရဲ့ စီနီယာအသင်းကြီးနဲ့အတူ လေ့ကျင့်ရေး ဆင်းခဲ့ပါတယ်။
Good experience with the first team @LFC pic.twitter.com/GzYY7UtkrO
— Trey Nyoni (@tnyoni07) October 25, 2023
လီဗာပူးအသင်းဟာ ဒါဝင် နူးညက်စ်အပေါ် ယုံကြည်မှုရှိပြီး အထောင်တိုက်စစ် နေရာအတွက် နောက်ထပ် ခေါ်ယူမှုမျိုး ဒီကာလတွေအတွင်း ပြုလုပ်ဖို့ မရှိဘူးလို့ Neil Jones က ပြောပါတယ်။
ဂျာမာန်သတင်းထောက် Florian Plettenberg ကတော့ လီဗာပူးအသင်းနဲ့ ရှော်ကေးအသင်း ကွင်းလယ်လူ Assan Ouedraogo ရဲ့ ကိုယ်စားလှယ်တွေကြား စကားပြောမှု စတင်နေပြီလို့ ဖော်ပြလာပါတယ်။
လီဗာပူးအသင်းဟာ ချယ်ဆီးအသင်းမှ ဘယ်အစွန်လူ Ian Maatsen ကို စိတ်ဝင်စားမှု ရှိထားပါတယ်။ ဇန်နဝါရီမှာ ကမ်းလှမ်းမှု ပြုလုပ်မလားတော့ မသိရသေးပါဘူး။