

မနေ့က ယူရိုပါလိဂ်ပွဲကြို လီဗာပူးအသင်း လေ့ကျင့်ရေးမှာတော့ ကစားသမား အချို့ ပြန်ပါလာပြီး အချို့ကတော့ ပါဝင်လာနိုင်ခြင်း မရှိပါဘူး။
အဲဗာတန်ပွဲမှာ ဒဏ်ရာကြောင့် မပါနိုင်ခဲ့တဲ့ ဂက်ပို လေ့ကျင့်ရေး ပြန်ဝင်ခဲ့သလို ဒူးဒဏ်ရာကြောင့် ၁၂ ချက် ချုပ်ထားရတဲ့ ဂိုးသမား ကလယ်ဟာ လေ့ကျင့်ရေး ဝင်နေခဲ့ပါတယ်။
နိုင်ငံတကာ သီတင်းပတ်မှာ ထိခိုက်မှု ရှိခဲ့တဲ့ လူငယ် ဘယ်အစွန်လူ ချမ်ဘာလည်း ပြန်ပါခဲ့ပါတယ်။ ဘယ်အစွန်အတွက်ကတော့ ချမ်ဘာအပြင် ကိုစတက်၊ စကန်လွန်နဲ့ အဲဗာတန်ပွဲမှာ ဘယ်ခြမ်းကနေ ကစားခဲ့တဲ့ ဂိုးမက်စ် အစရှိတဲ့ ၄ ဦးလုံး ပါဝင်ခဲ့ပါတယ်။
သို့ပေမယ့်လို့ သီယေဂို၊ ဘာ့ဆဲတစ်တို့ မပါနိုင်ခဲ့သလို စကော့တလန် အသင်းမှာ ဒဏ်ရာရလာခဲ့တဲ့ ဗန်ဒုတ်လည်း လေ့ကျင့်ရေးမှာ မပါနိုင်ခဲ့ပါဘူး။ ဒီရာသီကမှ လီဗာပူးကို ပြောင်းလာခဲ့ပြီး အကယ်ဒမီ လူငယ်အသင်းတွေမှာ ခြေစွာနေတဲ့ ၁၆ နှစ်သား နိုင်ယွန်နီကိုတော့ စီနီယာအသင်းနဲ့အတူ လေ့ကျင့်နေတာ မြင်ခဲ့ရပါတယ်။
တိုက်စစ်နဲ့ ခံစစ်ကတော့ တောင့်တင်းနေဆဲဖြစ်ကာ ဗန်ဒိုက်၊ ထရန့်၊ ကိုနတေး၊ မာတစ်၊ ကွမ်းဆက်တို့ လေ့ကျင့်ရေး ဝင်ခဲ့သလို တိုက်စစ်သမား ၅ ဦးလုံးလည်း လေ့ကျင့်ရေးမှာ ပါဝင်သွားပါတယ်။
နည်းပြကလော့ပ်က တောင့်တင်းတဲ့ လူစာရင်းကို ပွဲထုတ်မယ်လို့ ဆိုထားပြီး ဒါဝင်၊ အန်ဒို၊ ဟာဗေးတို့ ကစားခွင့်ရမယ် မျှော်လင့်ထားကြတယ်။ ဒီပွဲမှာ စောင့်ကြည့်ချင်စရာက ဘယ်အစွန်နေရာနဲ့ နိုင်ယွန်နီဖြစ်ပြီး ကွင်းလယ်လူဟာ ဗန်ဒုတ်လိုပဲ မြန်မြန်ဆန်ဆန်နဲ့ စီနီယာအသင်းထံ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။