NEWS: လီဗာပူးနဲ့အပြိုင် ကွင်းလယ်လူ အာဝါဒါဂိုကို စတင် ချဉ်းကပ်လာတဲ့ ဂျာမနီကလပ်

လီဗာပူးအသင်းဟာ ရှော်ကေးအသင်းမှ ကွင်းလယ်လူ Assan Ouedraogo ရဲ့ တိုးတက်မှုကို ဆက်တိုက် စောင့်ကြည့်နေရာက အခြားအသင်းတွေနဲ့အပြိုင် စကားပြောမှု ပြုလုပ်နေပါတယ်။

အသက် ၁၇ နှစ်ပဲ ရှိသေးတဲ့ ဆယ်ကျော်သက်လေးကို ဂျာမနီကလပ်တွေက ခေါ်ယူနိုင်ဖို့ အခွင့်အရေး ပိုများသလို ဂျာမနီပြင်ပ ကလပ်တွေကလည်း ၂၀၂၄ မှာ ယူရို သန်း ၂၀ ဖြင့် ခေါ်ယူခွင့် ရှိထားပါတယ်။

လီဗာပူးဟာ အသက် ၁၇ နှစ်အရွယ် ကွင်းလယ်လူကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ကာ ပုံမှန်ပွဲထွက်ခွင့်ပေးမယ့် ဂျာမနီကလပ်တွေကို ကျော်ပြီး မက်လုံး တစ်ခုခု ပေးနိုင်ရမှာပါ။

Florian Plettenberg က ဖော်ပြရာမှာ ‘ ဖရန့်ဖတ်အသင်းကလည်း Ouedraogo ကို ခေါ်ယူဖို့ ပြိုင်ဆိုင်မှုထဲ ပါဝင်လာပါပြီ။ ဖရန့်ဖတ် တာဝန်ရှိသူတွေက အသက် ၁၇ နှစ်အရွယ် ကွင်းလယ်လူနဲ့ သက်ဆိုင်တဲ့ ဘဏ္ဍာရေး အခြေအနေတွေ အားလုံးကို စုံစမ်းနေပါတယ်။

နည်းပြဖြစ်သူကလည်း ဒီကစားသမားအပေါ် အများကြီး သဘောကျနေတယ်။ ရာသီသစ်မှာ သူဟာ လူစာရင်းထဲ ပါဝင်လာနိုင်ဖို့ ဖရန့်ဖတ်က တော်တော်လေး မျှော်လင့်နေပါတယ်။

လိုက်ဇစ်၊ ဘိုင်ယန်မြူးနစ်၊ မီလန်၊ ဖရန့်ဖတ်၊ လီဗာပူး၊ နေပယ်ကလပ်တွေ အားလုံးဟာ အခုချိန်မှာ ကစားသမားရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ စကားပြောနေပါတယ်။ ဒေါ့မွန်တော့ အခွင့်အရေး မရှိပါဘူး ‘ လို့ ဖော်ပြသွားတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဇန်နဝါရီမှာ ကွင်းလယ်လူသစ်အဖြစ် အန်ဒရီကို ခေါ်ယူလိုပေမယ့် အနာဂတ်အတွက် စောင့်ကြည့်မှုတွေကိုလည်း လုပ်နေသေးတာ ဖြစ်ပါတယ်။