သူ့ ဆရာသမား အကြိုက် ဒီအပတ် လီဗာပူး ဂိုးပြတ် အနိုင်လို့ ခန့်မှန်းလိုက်တဲ့ ခရစ်ဆက်တန်

ဒီအပတ် တနင်္ဂနွေနေ့ ည ၈ နာရီခွဲမှာ မှာ လီဗာပူးအသင်းဟာ နော်တင်ဟမ် ဖောရက်စ်ကို အိမ်ကွင်း အန်ဖီးမှာ ဧည့်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

လက်ရှိမှာ စပါးအသင်းက ရမှတ် ၂၆ မှတ်ဖြင့် ဇယားထိပ် ရောက်နေပြီး လီဗာပူးအသင်းက ရမှတ် ၂၀ ဖြစ်လို့ ၆ မှတ်တောင် ကွာဟနေတာပါ။ ဖောရက်စ်ပွဲမှာ အသင်း သေချာပေါက် အနိုင်ရလဒ် ရယူနိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီအပတ်ပွဲအတွက် ဘီဘီစီမှ ခရစ်ဆက်တန်က အခုလို သုံးသပ်သွားပါတယ်။

Liverpool v Nottingham Forest

နော်တင်ဟမ် ဖောရက်စ်ရဲ့ အဝေးကွင်း ပုံစံက သိသိသာသာကို တိုးတက်လာနေပါတယ်။ ဒါပေမယ့် သူတို့ ဒီအပတ် အန်းဖီးကို သွား ကစားရတယ် ဆိုတာက ခြောက်ခြားစရာမျိုး ဖြစ်နေပါတယ်။

ဒီပွဲမှာ ကျွန်တော့်သား လီဗာပူးပရိသတ်လေး ဟယ်ရီကို အန်ဖီးကွင်းထံ ခေါ်လာဦးမယ်။ ဟယ်ရီက ဒီရာသီ အိမ်ကွင်း ပရီးမီးယားလိဂ် ပွဲ မှန်သမျှမှာ ဆာလာက ဂိုးသွင်းထားတယ် ပြောတယ်။ နောက်ပြီး အန်းဖီးမှာ လီဗာပူး မရှုံးဘူးတဲ့ဗျာ။

ကျွန်တော့်သားကတော့ ဒီပွဲ လီဗာပူး ၃-ဝ နဲ့ နိုင်မယ် ဆိုပြီး ပြောနေတယ်။ လီဗာပူးအသင်း ဒီပွဲမှာ ဂိုးမပေးရဘဲ clean sheet ရပါ့မလားတော့ သံသယ ဖြစ်မိတယ်။ ဒါပေမယ့် ကျွန်တော် သားပြောတဲ့ အတိုင်းပဲ ရွေးပါမယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ လီဗာပူး ၃-ဝ နော်တင်ဟမ် ဖောရက်စ်။