နယ်သာလန်ကပေးတဲ့ သတင်းကောင်း၊ ဂရုမစိုက်ဘူးဆိုတဲ့ အန်ဒို၊ အိုရီဂီကို ကြိုဆိုဖို့ ပြင်ဆင်ခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

တနင်္ဂနွေနေ့ပွဲမှာ အသင်းသားဟောင်း အိုရီဂီကို ပြန်ပြီး ကြိုဆိုနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ကလော့ပ်က ထုတ်ပြောလာပါတယ်။ အိုရီဂီဟာ ဖောရက်စ် အသင်းသားအဖြစ် အန်ဖီးထံ ပြန်လာမှာဖြစ်ပြီး ပွဲထွက်ခွင့်ရဖို့တော့ မသေချာပါဘူး။

လီဗာပူးအသင်းဟာ ငယ်ရွယ်တဲ့ ကစားသမားတွေကို လိုချင်ခဲ့ပြီး အသက် ၃၀ အရွယ် သူ့ကို လက်မှတ်ထိုးလို့ သဘောမကျသူတွေ ရှိပေမယ့် ဒါတွေကို ဂရုမစိုက်ဘဲ အကောင်းဆုံး လုပ်ပြဖို့ပဲ အာရုံစိုက်တယ်လို့ အန်ဒိုက ထုတ်ပြောပါတယ်။

နည်းပြ ယာဂင်ကလော့ပ်ဟာ လီဗာပူးအသင်းကို ကိုယ်စားပြုပြီး မန်ယူနိုက်တက် ဂန္တဝင်ကြီး ဆာဘော်ဘီချာတန်အတွက် အောက်မေ့ကြောင်း စာလွှာကို ရေးသား ပေးပို့ခဲ့ပါတယ်။

အီဘူးမှာ ကြံ့ခိုင်မှုပိုင်း အသေးစား ပြဿနာ ရှိထားခဲ့ပေမယ့် ပြင်သစ်နည်းပြဟာ နိုင်ငံတကာ သီတင်းပတ်မှာ မိနစ် ၁၈၀ နီးပါး သုံးခဲ့ပါတယ်။ ဒါကြောင့် ယူရိုပါလိဂ်ပွဲမှာ သူ့ကို အနားပေးဖို့ ကလော့ပ်က ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဆိုဘိုစလိုင်က သူ့ရဲ့ ရည်မှန်းချက်ဟာ လီဗာပူးနဲ့ ဆုဖလားတိုင်းမှာ နံပါတ် တစ် နေရာတွေ ရဖို့ဖြစ်ပြီး ဘယ်သူက နံပါတ် နှစ်သမားတွေကို စိတ်ဝင်စားလို့လည်းလို့ တုန့်ပြန်ခဲ့ပါတယ်။

ဖောရက်စ်ပွဲမှာတော့ မာကာ၊ ဆိုဘိုတို့နဲ့ တွဲဘက်ပေးဖို့ ကွင်းလယ်လူ တစ်ဦးကို ရွေးချယ်ရမှာဖြစ်ပြီး ဂရာဗင်ဘက်ချ်နဲ့ အန်ဒိုထဲက တစ်ဦးဦးကို ရွေးချယ်သွားဖို့ များနေပါတယ်။

နိုဝင်ဘာလ နိုင်ငံတကာသီတင်းပတ်အတွက် နယ်သာလန် လူစာရင်းမှာ ဂရာဗင်ဘက်ချ်ကော ဂက်ပိုပါ မပါဝင်ပါဘူး။ ကစားသမားတွေအတွက် စိတ်မကောင်းစရာ သတင်းဆိုပေမယ့် လီဗာပူးအတွက်တော့ မန်စီးတီးပွဲ မတိုင်ခင် အဓိက ကစားသမား နှစ်ဦးကို ဆက်ထိန်းနိုင်ခြင်း ဖြစ်လာပါမယ်။

လီဗာပူးအသင်းဟာ ဒီဇင်ဘာလ ၆ ရက်နေ့မှာ ဖူလ်ဟမ်အိမ်ကွင်းထံ သွားပြီး နေ့ခင်း ၂ နာရီပွဲ ကစားအပြီး ၃ ရက်မပြည့်ခင် ဒီဇင်ဘာလ ၉ ရက်နေ့မှာ နေ့ခင်း ၁၂:၃၀ နာရီ ပွဲစဉ်အဖြစ် ပဲလေစ့်ကို အဝေးကွင်းသွားကစားရမှာ ဖြစ်ပါတယ်။

အေစီမီလန်ကနေ တိုနယ်လီကို ခေါ်ယူရေး လီဗာပူးအသင်းကလည်း အလေးအနက် စိတ်ဝင်စားခဲ့ပေမယ့် ဆက်လက် ကြိုးစားခြင်း မရှိခဲ့တာဟာ အသင်းဘက်က တိုနယ်လီရဲ့ လောင်းကစားစွဲလမ်းမှုကို သိခဲ့ခြင်းကြောင့်လား? လို့ ပရိသတ်တွေ မေးခွန်းထုတ်နေပါတယ်။