နွေတုန်းက အပြောင်းအရွှေ့ ကမ်းလှမ်းခံရမှုကို ဘာကြောင့် ငြင်းဆန်ခဲ့လဲ အန်ဒရီ ပြောပြလာ

အသက် ၂၂ နှစ်အရွယ် ဘရာဇီးလက်ရွေးစင် အန်ဒရီကတော့ နွေတုန်းက ဥရောပ ကလပ်ထံကနေ ကမ်းလှမ်းမှုရခဲ့တယ်လို့ ထုတ်ပြောလာခဲ့ပေမယ့် ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

လီဗာပူးအသင်းဟာ အန်ဒရီကို ခေါ်ယူနိုင်ဖို့ ပေါင် ၂၅ သန်းဖြင့် ကမ်းလှမ်းခဲ့ပေမယ့် ဘရာဇီးကလပ်က ရာသီဝက်မှာ သူတို့ရဲ့ အဓိက ကစားသမားကို လက်လွတ်ပေးဖို့ ငြင်းဆန်ခဲ့တာပါ။ အန်ဒရီ ကိုယ်တိုင်ကလည်း ၂၀၂၃ နှစ်ကုန်ထိ ကလပ်မှာ ဆက်ရှိနေမယ်လို့ ပေးထားတဲ့ ကတိကို တည်လိုခဲ့ပါတယ်။

နိုဝင်ဘလ ၄ ရက်နေ့ ဘိုကာဂျူနီယာနဲ့ ဖိုင်နယ်ပွဲ ကစားရမှာဖြစ်ကာ ဇန်နဝါရီမှာတော့ သူအသင်းပြောင်းတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီတလောမှာ လီဗာပူးအသင်းဟာ အယ်လီဆန်က တစ်ဆင့် ကွင်းလယ်လူကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေကြောင်းလည်း သတင်းတွေ ရှိနေတာဖြစ်ပါတယ်။

အန်ဒရီက “ ပြီးခဲ့တဲ့ နွေစျေးကွက်တုန်းက အပြောင်းအရွှေ့တွေ အကြောင်း ကျနော် စကားမပြောခဲ့ပါဘူး။ ကျနော် မငြင်းနိုင်လောက်တဲ့ ကလပ်၊ လိဂ်ပြိုင်ပွဲထံက ကမ်းလှမ်းမှု ရခဲ့ပါတယ်။ ကစားသမားတိုင်းကတော့ ဥရောပက ကြီးကျယ်တဲ့ လိဂ်မှာ ကစားရဖို့ အိပ်မက်ရှိထားပါတယ်။

ကျနော်ကလည်း ကိုယ့်ရဲ့ ကတိစကားကို တည်ဖို့ ကြိုးစားခဲ့တယ်။ မနှစ်က ဇန်နဝါရီမှာ နည်းပြဖြစ်သူက ကျနော်ကို ဒီနှစ်ကုန်ထိ ဆက်ထိန်းထားလိုကြောင်း ပြောခဲ့တယ်။ နွေတုန်းကလို ကမ်းလှမ်းမှု ရလာမယ်လို့ ကျနော်တို့ မထင်ခဲ့မိဘူး။ ဘာပဲဖြစ်ဖြစ် ဒီဇင်ဘာ အကုန်ထိ အသင်းမှာ ကျနော် ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တယ်။

လတွေကြာလာတော့ ဥရောပစျေးကွက် ဖွင့်လာချိန် ကျနော်တို့က Libertadores မှာ ၁၆ သင်းအဆင့်ကို ရောက်နေခဲ့ပါတယ်။ အဲ့တော့ ဆုံးဖြတ်ချက်တွေ လုပ်ဖို့ ခက်ခဲခဲ့တယ်။ ကမ်းလှမ်းမှုကို လုပ်ဖို့ရာ ၁၀၀% ကျနော် ယုံကြည်မှု မရှိတော့ဘူး။

ကျနော်က နည်းပြကို ဒီဇင်ဘာထိ အသင်းမပြောင်းဘူး ကတိပေးထားတာလေ။ ကိုယ်ပေးထားတဲ့ ကတိ တည်ဖို့ လိုတယ်လေ။ ဒီနှစ်ကုန်ရင် ဘာဖြစ်လာမယ် မသိပါဘူး။ ရောက်လာမှပဲ သိရပါမယ် ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။