မေဆန်မောင့်အစား ဆိုဘိုကို ခေါ်ယူခြင်းအတွက် ချီးကျူးကြခြင်း၊ ရာနှုန်းပြည့် အိမ်ကွင်းနိုင်ပွဲနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

လီဗာပူး ၃-၀ ဖောရက်စ် ပွဲအပြီးမှာ ဂိုးထောက်ပံ့မှု ၂ ကြိမ် လုပ်ပေးနိုင်ခဲ့တဲ့ ဆိုဘိုက ပရိသတ်တွေ မဲပေးတဲ့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံရပါတယ်။

မိုဆာလာဟာ ဒီရာသီ လီဗာပူးအသင်းရဲ့ အိမ်ကွင်းပွဲတိုင်း ဂိုးသွင်းထားသလို လီဗာပူးကလည်း ဒီရာသီ အိမ်ကွင်းပွဲတွေကို ရာနှုန်းပြည့် အနိုင်ရထားပါတယ်။

ကိုလံဘီယာမှာ ပြန်ပေးဆွဲ အဖမ်းခံထားရတဲ့ ဒီယက်ဇ်ရဲ့ ဖခင်အကြောင်း ဘာမှ မသိရသေးဘဲ သတင်းပေးခဲ့ရင် ဆုငွေပေးမယ်လို့ ကိုလံဘီယာ ရဲအဖွဲ့က ကြေညာချက် ထုတ်ထားပါတယ်။

ဖောရက်စ်ပွဲမှာ အပြစ်အနာအဆာ ကင်းတဲ့ ဗန်ဒိုက်ရဲ့ ခြေစွမ်းကို မြင်ကြရတဲ့နောက် နယ်သာလန်သားကြီးဟာ သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြန်ရဖို့ ကြိုးစားလာနေပြီလို့ ပရိသတ်တွေက ကောင်းချီးပေးနေကြပါတယ်။

ဖောရက်စ် နိုင်ပွဲဟာ ဒီယက်ဇ်အတွက် လီဗာပူးအသင်းဖော်တွေက နိုင်ပွဲဖြင့် တုန့်ပြန်ပြခဲ့ခြင်း ဖြစ်တယ်လို့ နည်းပြကလော့ပ်က ပွဲအပြီးမှာ ထုတ်ပြောခဲ့ပါတယ်။

ဒီအပတ် လူတန်တောင်းနဲ့ အဝေးကွင်းပွဲမှာ မာကာ အဝါကဒ်ရမယ်ဆိုရင် သူဟာ နိုဝင်ဘာလ နိုင်ငံတကာ သီတင်းပတ်အပြီး မန်စီးတီးပွဲကို လွဲချော်သွားမှာ ဖြစ်ပါတယ်။

ဖောရက်စ်နိုင်ပွဲအပြီးမှာ ကိုနတေးက ” ဒီနိုင်ပွဲအတွက် အောင်ပွဲခံဖို့က ခက်ခဲပါတယ်။ ဒီယက်ဇ်နဲ့အတူ ကျနော်တို့ ရှိနေမှာပါ ” လို့ အသင်းဖော်ကို အားပေးစကား ပြောဆိုပါတယ်။

ဖောရက်စ်ပွဲ ခြေစွမ်းအရ ကွင်းလယ် 6 Role မှာ မာကာ အခြေကျလာခြင်းကို ကလော့ပ်က ကျေနပ်နေပါတယ်။ နည်းပြနဲ့ ကစားသမားကတော့ ဒီနေရာမှာ ကစားနေရခြင်းအပေါ် မေးခွန်းထုတ်ကြခြင်း မရှိဘဲ ဆက်သုံးမယ့် အနေအထား ဖြစ်ပါတယ်။

ဗန်ဒိုက်နဲ့ ကိုနတေးတို့ရဲ့ အမြင့်ဘော လွှမ်းမိုးနိုင်စွမ်းက အရမ်း မြင့်မားပေမယ့် ထောင့်ကန်ဘောကနေ ခေါင်းတိုက်ဂိုး မရခြင်းအပေါ် အားမရသံတွေ ထွက်ပေါ်နေဆဲပါ။

ဒီနွေမှာ မေဆန်မောင့်ကို မခေါ်ယူဘဲ ဆိုဘိုစလိုင်ကို ခေါ်ယူခဲ့ခြင်းဟာ လီဗာပူးရဲ့ အပြောင်းအရွှေ့ သမိုင်းမှာ အမှန်ကန်ဆုံး လုပ်ရပ်တွေထဲက တစ်ခုအဖြစ် ချီးကျူးခံနေရပါတယ်။

စပါး ၂-၁ လီဗာပူးပွဲအတွင်း VAR ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်အပေါ် ထင်မြင်ချက်ပေးဖို့ တောင်းဆိုခံရစဉ် လူတိုင်း အမှားလုပ်မိတတ်ပါတယ်လို့ တုန့်ပြန်ခဲ့တဲ့ ဘန်လေနည်းပြ ကွန်ပနီဟာ VAR ဆုံးဖြတ်ချက်တွေကြောင့် ဘုန်းမောက်ကို အရေးနိမ့်တဲ့ပွဲအပြီး ဒိုင်တွေကို စောဒကတတ်ခဲ့ပါတယ်။