

ဒီကနေ့ည မြန်မာစံတော်ချိန် ၂ နာရီ ၁၅ မှာ ကာရာဘောင်း ပွဲစဉ်အဖြစ် လီဗာပူးအသင်းက ဘုန်းမောက်အသင်း အိမ်ကွင်းထံ သွားရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
လူချိုကို ဖခင်ပျောက်ဆုံးမှု ရှာဖွေဖို့ ကိုလံဘီယာထံ မပြန်စေဘဲ အက်ဆာမှာပဲ ဆက်ထိန်းထားဆဲပါ။ ကစားသမားအတွက် အကောင်းဆုံးဖြစ်ရေးတွေကို ကလပ်ဘက်က ကြိုးစားပေးနေပေမယ့် လူရှေ့ ချပြမှာ မဟုတ်ဘူးလို့ လက်ထောက်နည်းပြ ပပ်လင်ဒါးက ဆိုပါတယ်။
ဖောရက်စ်ပွဲကြိုမှာ ဒီယက်ဇ်ရဲ့ ဖခင်ကိစ္စကို အသင်းအဝတ်လဲခန်းက သိခဲ့စဥ် တိုက်စစ်သမားက ကန်တင်းကနေ ထွက်သွားပြီဖြစ်ပါတယ်။ ဒီယက်ဇ်အတွက် အားပေးမှုလုပ်ဖို့ကို အသင်းသားတွေက သူမပါဘဲ ဆွေးနွေး လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဖော်တွေရဲ့ လုပ်ရပ်ဟာ ဒီယက်ဇ်ရဲ့ ဖခင် ပျောက်ဆုံးနေမှု အကြောင်း ကမ္ဘာကြီးကို အသိပေးနိုင်ခဲ့သလို ကိုလံဘီယာမှာတော့ အခြား အသင်းတွေကလည်း ဂျိုတာနည်းတူ လက်ရွေးစင် အသင်းခေါင်းဆောင်ရဲ့ ဂျာစီကို ကိုင်ပြီး အားပေးမှု လုပ်ခဲ့ကြပါတယ်။
ဆော်ဒီဘက်က ဇန်နဝါရီမှာ ဆာလာအတွက် ကမ်းလှမ်းမှုဝင်ဖို့ စီစဉ်နေပေမယ့် လီဗာပူးဘက်ကတော့ ရောင်းချသွားမှာ မဟုတ်ပါဘူး။ နွေတုန်းကလည်း ကလပ်စံချိန်တင်ကြေး ပေါင် သန်း ၁၅၀ ကို ပယ်ချခဲ့ပြီး ဖြစ်ပါတယ်။
နိုင်ငံတကာဒိုင်အဖွဲ့ချုပ်ကတော့ ဘောလုံးပွဲတွေမှာ VAR ဒိုင်တွေ ဘာဆွေးနွေးကြတယ် ဆိုတာကို Live ထဲ ထည့်သွင်းပေးဖို့ မရှိဘူးလို့ ပြောပါတယ်။ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ကို ပိုပြီး ကန့်ကွက်တာတွေ များမှာဖြစ်လို့ လက်ရှိ ပုံစံအတိုင်း နောက်ကွယ်ကပဲ ဆုံးဖြတ်စေပါမယ်။
ဒီရာသီ သူ့ရဲ့ ရည်မှန်းချက်က တတ်နိုင်သလောက် စီနီယာအသင်းမှာ ဆက်ရှိနေပြီး ပွဲကစားခွင့်ရနိုင်ဖို့ ဖြစ်ကြောင်း ခံစစ်မှူး ကွမ်းဆက်က ဆိုပါတယ်။
လီဗာပူးအသင်းရဲ့ စပိန်သား ကွင်းလယ်လူ နှစ်ဦးဖြစ်တဲ့ သီယေဂိုနဲ့ ဘာ့ဆဲတစ်တို့ နှစ်ဦးလုံး လေ့ကျင့်ရေး မဆင်းနိုင်သေးပေမယ့်လို့ ဗန်ဒုတ်ကတော့ လေ့ကျင့်ရေး ပြန်ဝင်ပါပြီ။
လီဗာပူးအသင်းဟာ အသက် ၁၇ နှစ်အရွယ် ထရန့် ကိုနေး-ဒိုဟာတီကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ကြယ်ပွင့်လေးဟာ မနှစ်ကရာသီ ယူ-၁၈ အသင်းမှာ ၁၁ ဂိုး သွင်းယူခဲ့ပါတယ်။