ကလော့ပ်ကို ကာလရှည် ပွဲပယ်ဖွယ်ရှိ ရမှတ်လျော့ဖို့ပါ အကြံပေး၊ မောင့်အတွက် သန်း ၈၀၊ သီယေဂိုကို စိတ်ဝင်စားတဲ့ ဘာစီလိုနာနဲ့ လီဗာပူး သတင်းတိုများ

တီယောနေးကို ဝေဖန်ခဲ့တဲ့ နည်းပြကလော့ပ်ဟာ ဒိုင်တွေကို ဆက်တိုက် ဝေဖန်လာတာ ၂ ကြိမ်လောက် ရှိလာတာနဲ့အတူ ကာလရှည် ပွဲပယ်ခံရမယ့် အရေးကို ရင်ဆိုင်ရဖွယ် ရှိနေတယ်လို့ သိရပါတယ်။

ဦးဆောင် ဒိုင်လူကြီးများ အဖွဲ့က နည်းပြကလော့ပ်လို ပွဲနေ့ဒိုင်တွေကို ဒေါသတကြီး ဝေဖန်မှုတွေအတွက် သက်ဆိုင်ရာ ကလပ်ကို ရမှတ်လျော့တဲ့ ပြစ်ဒဏ်ပေးဖို့ တိုက်တွန်းနေပါတယ်။

ဖူလ်ဟမ်နည်းပြ ဆေးဗားက လီဗာပူးအသင်းဟာ တိုက်စစ်ရွေးချယ်စရာ များပြားလွန်းပြီး စိတ်ကြိုက် ရွေးချယ် ကစားနိုင်တယ်လို့ မှတ်ချက်ပေးလာပါတယ်။

ထရန့် ကွင်းလယ်ဝင်နိုင်ရေးအတွက် ကိုနတေးကို ညာခြမ်း ဗဟိုခံစစ်မှူးအပြင် ညာခြမ်း အစွန်ခံစစ်သမား နေရာပါ ပူးတွဲကစားနေစေတာဟာ အန္တရာယ်ကြီးတယ်လို့ ထောက်ပြခံနေရပါတယ်။

လီဗာပူးနဲ့ စပါးပွဲအပြီးမှာ တိုက်စစ်မှူး ဂျိုတာဟာ အိုလီဗာ စကစ်ကို သွားရောက် တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။

လီဗာပူးနဲ့ သတင်းထွက်ဖူးတဲ့ ခံစစ်မှူး တမ်ဘာဟာ ဒီနွေမှာ အေဂျက်ကနေ ထွက်ခွာဖို့ စီစဉ်နေပြီး ပရီးမီးယားလိဂ်ထံ ရောက်နိုင်တယ်လို့ သိရပါတယ်။

မနေ့က စပို့တင်းပွဲမှာ လီဗာပူးကင်းထောက်တွေ တက်ရောက်ခဲ့ပြီး အူဂါတီရဲ့ ခြေစွမ်းကို ထပ်မံ ကြည့်ရှုခဲ့ပြန်ပါတယ်။

မေဆန်မောင့်ကို ခေါ်ယူလိုရင် ပေါင် သန်း ၈၀ ပေးရမယ်လို့ ချယ်ဆီးက တောင်းဆိုသွားမှာ ဖြစ်ကြောင်းနဲ့ လီဗာပူးက မိုနာကို ကွင်းလယ်လူ ဖိုဖာနာကို လိုက်ကြည့်နေကြောင်း ဒေးလီးမေလ်းက ဖော်ပြပါတယ်။

ကွင်းလယ်လူ သီယေဂိုကို ပြန်လည် ခေါ်ယူဖို့ ဘာစီလိုနာက စိတ်ဝင်စားနေတယ်လို့ သိရပြီး တရားဝင် ချိတ်ဆက်မှု တစုံတရာ မရှိသေးပါဘူး။

စကိုင်းစပေါ့ သုံးသပ်သူ ဂရေမီဆောင်းနက်စ်က သူ့ရဲ့ နောက်ဆုံး အစီအစဉ် တင်ဆက်မှုကို သူချန်ပီယံလိဂ် အောင်မြင်ခဲ့တဲ့ လီဗာပူးအသင်းနဲ့အတူ နှုတ်ဆက်ရတာအတွက် ဂုဏ်ယူနေပါတယ်။