တန်းတက်ကလပ် လူတန်တောင်းက လီဗာပူး တိုက်စစ်ကို ရပ်တန့်နိုင်မှာလား? ခရစ်ဆက်တန် သုံးသပ်ချက်နဲ့ ရလဒ်ခန့်မှန်း

တနင်္ဂနွေနေ့ည ၁၁ နာရီမှာတော့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ်အဖြစ် တန်းတက်ကလပ် လူတန်တောင်း အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဒီအပတ်မှာ နယူးကာဆယ်နဲ့ အာဆင်နယ်၊ စပါးနဲ့ ချယ်ဆီးတို့ ထိပ်တိုက်တွေ့နေကြတာမို့ ကိုယ့်ဘက်က သေချာပေါင် ၃ မှတ် ရယူထားဖို့ လိုပါတယ်။ ပြိုင်ဘက်ကို အထင်သေးခဲ့ရင် ပွဲကို တစ်ဝက်ရှုံးနေပြီဖြစ်ပေမယ့် ဒီပွဲမှာ အနိုင်ရလွဲလို့ အခြားရလဒ် ထွက်လို့မရပါဘူး။

ဒီအပတ် ပွဲအတွက် ဘီဘီစီမှ ခန့်မှန်းသူဖြစ်တဲ့ ခရစ်ဆက်တန်ကတော့ လီဗာပူးပဲ အနိုင်ရမယ်လို့ ရွေးချယ်ပါတယ်။

Luton Town vs Liverpool

လူတန်က အိမ်ကွင်းမှာ သိပ်မကောင်းလှပါဘူး။ ဒါကို တွစ်တာက အချက်အလက် ဆရာကြီး Statman Dave က ပြောထားတာပါ။

ကျနော်ကတော့ လူတန်ကို ဘယ်လိုမှ အားမရဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လူတန် က စပါးကို အောက်တိုဘာလ အစပိုင်းမှာ ဧည့်ခံ ကစားတုန်းက စပါးက ပထမပိုင်း ၁၅ မိနစ် အတွင်းတင် ၄-ဝ လောက် ပြတ်သွားနိုင်တဲ့ အနေအထား ရောက်သွားခဲ့တယ်။

လူတန်ဘက်က ဖြေတွေးပြီး ပြောရမယ် ဆိုရင် သူတို့ဟာ ဒီရာသီကျမှ ကလပ်သမိုင်းမှာ ပထမဆုံး အကြိမ် အင်္ဂလန်ရဲ့ အဆင့် အမြင့်ဆုံး အမှတ်ပေးလိဂ်မှာ ကစားဖူးတာလေ။ သူတို့က လီဗာပူးရဲ့ တိုက်စစ်လိုင်းကို ရပ်တန့်နိုင်စရာ မမြင်ပါဘူး။

ဆက်တန် ခန့်မှန်းရလဒ်။ ။ Luton Town 0-3 Liverpool