ဒီယက်ဇ် လေ့ကျင့်ရေး ပြန်ဝင်၊ ဆာလာကိစ္စ စိတ်မပူခြင်း၊ ဆရာသစ်ရတဲ့ ဒါဝင်နဲ့ နံနက်ခင်း လီဗာပူး သတင်းများ

လူးဝစ် ဒီယက်ဇ်ဟာ လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေးတွေမှာ ပြန်လည် ပါဝင်နေပြီ​ ဖြစ်ပါတယ်။ လူတန်တောင်းပွဲမှာ သူ့ကို ပွဲထွက်လူစာရင်းက ထုတ်သုံးမလားတော့ မသိရသေးပါဘူး။

ဆိုဘိုစလိုင်ဟာ လီဗာပူးမြို့ကို ပြောင်းလာပြီးနောက် အထီးကျန်မှုကို ခံစားနေရတယ်လို့ ဟန်ဂေရီ ချန်နယ်တစ်ခုကနေ ဝန်ခံခဲ့ပါတယ်။ ကစားသမားကွင်းမှာ ခြေစွမ်းပြနေပေမယ့် ကွင်းပြင်ပမှာတော့ အထီးကျန်မှုကို ဖြေဖျောက်ဖို့ရာ ရုပ်ရှင်ကြည့်လိုက် အိပ်လိုက်ဖြင့် ကျော်ဖြတ်နေရပါတယ်။

အကယ်ဒမီကြယ်ပွင့် နိုင်ယွန်နီဟာ ပထမအသင်းကြီးနဲ့အတူ လေ့ကျင့်ရေး ဝင်ခဲ့ပြန်ပါတယ်။ နွေကမှ လက်စတာကနေ ပြောင်းလာတဲ့ နိုင်ယွန်နီဟာ လူငယ်တန်းမှာ နာမည် တစ်ဟုန်ထိုး တက်လာခဲ့တာကြောင့် နည်းပြအဖွဲ့က ခြေစွမ်းကို ခေါ်ယူကြည့်ရှုနေတာပါ။

မာကာဟာ လီဗာပူးကို ပြောင်းလာခဲ့ကတည်းက ဒါဝင်အတွက် ဆရာတစ်ယောက်လို ကြည့်ရှုပေးပြီး ဘာသာပြန်ကူပေးနေကာ ဥရုဂွေးသားအတွက် အသင်းဖော်ကောင်း ဖြစ်လာနေခဲ့ပါတယ်။

လီဗာပူးကစားသမားတွေဟာ သွေးပူ လေ့ကျင့်ရေး ဝတ်စုံတွေကို ဝတ်ဆင်ရာမှာ ကိုယ့်နံပါတ်နဲ့ကိုယ် မဝတ်ဘဲ ဘယ်သူ့ဟာပဲဖြစ်ဖြစ် ဆွဲယူ ဝတ်ဆင်ကြပါတယ်။ ဒါဟာ အသင်းဖော်တွေကြား ကောင်းမွန်တဲ့ ဆက်ဆံရေးကို ပြသတယ်လို့ သုံးသပ်ခံနေရပါတယ်။

သီယေဂိုဟာ ခရစ္စမတ်ကာလထိ ဘောလုံးကစားနိုင်ဦးမှာ မဟုတ်ပေမယ့် နှစ်သစ်မှာတော့ ပြန်ပြီး ကစားနိုင်ချေ ရှိနေပါတယ်။

အန်ဖီးကွင်းထဲက Anfield Road အပေါ်ပိုင်း ပွဲကြည့်စင် ခုံတွေ အကုန်လုံး တပ်ဆင်ပြီးခဲ့ပါပြီ။ နှစ်သစ်မှာတော့ ကွင်းကို အပြည့် ဖွင့်နိုင်မယ်လို့ ခန့်မှန်းရတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဆော်ဒီတို့ရဲ့ ကမ်းလှမ်းမှုကို စိတ်ပူနေခြင်း မရှိဘဲ ဆာလာကို ဆက်ထိန်းနိုင်ဖို့ ယုံကြည်ချက်ကောင်းတွေ ရှိနေပါတယ်။

ဘရာဇီး ကွင်းလယ်လူ အန်ဒရီဟာ နွေတုန်းက လီဗာပူးထံ ပြောင်းလာဖို့ တော်တော်လေးကို နီးစပ်ခဲ့တာနဲ့အတူ ဇန်နဝါရီမှာတော့ သေချာပေါက် ရောက်လာမယ်လို့ ယူဆရပါတယ်။

ပြင်သစ်ဘက်ကတော့ လီဗာပူးအသင်းဟာ အမ်ဘတ်ပီကို ခေါ်ယူဖို့ စိတ်ဝင်စားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၂၄ နွေမှာ ပြင်သစ်သားကို အလွတ်ဖြင့်ရမယ့် အခွင့်အရေးကို လီဗာပူးက စိတ်ဝင်စားနေမှာလို့လည်း ဖော်ပြသွားပါတယ်။