

နွေတုန်းက အင်္ဂလန်စျေးကွက် နောက်ဆုံးရက်မှာ Al-Ittihad အသင်းဟာ ဆာလာအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၅၀ ဖြင့် ကမ်းလှမ်းမှုခဲ့ပေမယ့် လီဗာပူးဘက်က ပယ်ချခဲ့ပါတယ်။
အစက် ၃၁ နှစ်အရွယ် ကစားသမားတစ်ယောက်ကို ကမ္ဘာ့စံချိန်တင်ကြေးတွေထဲက တစ်ရပ်မျိုးဖြင့် ကမ်းလှမ်းလာခြင်းဖြစ်ပေမယ့် လီဗာပူးနဲ့ ဆာလာတို့ကတော့ ငွေကြေးထက် အားကစားပိုင်း အောင်မြင်မှုကိုပဲ ရွေးချယ်လိုခဲ့ကြတယ်။
ဆာလာကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးဖြင့် မလဲခဲ့တဲ့ လီဗာပူးတာဝန်ရှိသူတွေရဲ့ သဘောထားဟာ လေးစားလောက်စရာ ဖြစ်ခဲ့သလို ငွေကြေးထက် အမြင့်ဆုံး အဆင့်တွေမှာ ကစားဖို့ကိုပဲ ဦးစားပေးခဲ့တဲ့ ဆာလာရဲ့ ခံယူချက်ကလည်း စံနမူနာကောင်း ဖြစ်ခဲ့တာပါ။
မိုဆာလာဟာ ဆော်ဒီလိဂ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံပေးဖို့နဲ့ တစ်ပတ်ပေါင် ၁.၅ သန်း လုပ်ခရမယ့် အခွင့်အရေးကို ပိုင်ဆိုင်ခြင်းတယ်ဆိုပြီး တွန်းအားပေးမှုမျိုး လုံးဝကို မလုပ်ခဲ့ဘဲ လီဗာပူးရဲက ဆန္ဒကိုပဲ လက်ခံပေးခဲ့တာပါ။
ဒီအကြောင်းကို ကလော့ပ်က ” ကမ်းလှမ်းမှုတွေအကြောင်းကို ကျနော် သေချာမသိပါဘူး။ ဒါပေမယ့် အဲ့တာက အရေးလည်း မကြီးပါဘူး။ မိုက ကျနော်တို့အသင်းမှာ ဆက်ရှိနေတယ်။ သူက အသင်းပြောင်းချင်ပါတယ် ဆိုပြီး ကျနော်ကို လုံးဝ လာမတောင်းဆိုပါဘူး။
သူ့ကို ဆက်ထိန်းဖို့ကို ကျနော် နှစ်ကြိမ် မစဉ်းစားခဲ့ပါဘူး။ သူ အသင်းမှာပဲ ဆက်ရှိနေတယ်။ သူ့ရဲ့ ခံစားချက်တွေကလည်း ကောင်းနေတယ်။ အသင်းမှာ မို အတော်လေး ပျော်နေတာကို ခင်ဗျားတို့ မြင်နိုင်ပါတယ်။
သူ ပွဲမိနစ်တွေ အများကြီး ကစားပေးထားတယ်။ ကာရာဘောင်းပွဲမှာဆိုရင် နံပါတ် ၉ သမားအဖြစ် ကစားခဲ့တယ်။ သူက ပုံစံကောင်းတွေရနေပါတယ်။ ကွင်းထဲမှာ သူ့ရဲ့ သွင်းဂိုးအတွက် အမျှော်အမြင် ကြီးမှုကို အားလုံး မြင်နိုင်ပါတယ်။ ကွင်းပြင်မှာဆို ပိုတောင် ပုံစံကောင်းတွေ ရှိပါသေးတယ်။ သူက သိပ်ကို အကောင်းမြင်တယ်။
ဒီကောင်လေးတွေထံက အလားအလာကောင်းတွေ အများကြီးကို မြင်နေရတာ သိပ်ပျော်မိပါတယ်။ သူတို့ရဲ့ အကောင်းဆုံး ပုံစံတွေကို ကျနော် ဖော်ထုတ်ချင်ပါတယ်။ အဲ့တာကလွဲလို့ ကျနော် ဘာမှ စဉ်းစားမနေပါဘူး။ မစဉ်းစားရဖို့လည်း မျှော်လင့်ပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။
မိုဆာလာဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၀ ဂိုး သွင်းယူထားပြီးပါပြီ။ လီဗာပူးအသင်းမှာ မိုလို ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားကို ပိုင်ဆိုင်ထားခြင်းဟာ ဆုဖလားတွေအတွက် အားသာချက်ဖြစ်စေမယ်လို့ အားလုံးက ယုံကြည်နေကြတာ ဖြစ်ပါတယ်။