

ဒါဝင် နူးညက်စ်ဟာ သိပ်ကောင်းတဲ့ ပုံစံကောင်းတွေ ရနေတာမို့ တိုက်စစ်သမား ဘယ်လောက်ထိ အမြင့်ရောက်သွားနိုင်သလဲ တွေးတောရင်း ကြောက်တောင် ကြောက်မိတယ်လို့ ကလော့ပ်က ဆိုပါတယ်။
Copa Libertadores ဖလား အနိုင်ရခဲ့ပြီးနောက် ဖလူမီးနက်စ် ဥက္ကဋ္ဌဖြစ်သူက ကွင်းလယ်လူ အန်ဒရီကို ဒီနှစ်ကုန်ရင် ဥရောပကလပ်တွေထံ အသင်းပြောင်းခွင့်ပေးဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။
အန်ဒရီကတော့ ဘောလုံးပြင်ပမှာ သူဟာ ဥရောပဘောလုံးကို လေ့လာကြောင်း ဝန်ခံလိုက်သလို လီဗာပူးနဲ့ ကလောပ့်တို့ ဘယ်လောက်ကောင်းလဲ သူသိတယ်လို့ ထုတ်ပြောခဲ့ပါတယ်။
နယ်သာလန် နည်းစနစ်ဒါရိုက်တာ ဒီယောင်က အက်ဆာ လေ့ကျင့်ရေးကို အလည် ရောက်လာပါတယ်။ သူဟာ လာမယ့် နိုင်ငံတကာ သီတင်းပတ်တွေမှာ ဂရာဗင်ဘက်ချ်ကို လက်ရွေးစင်အတွက် ရွေး/ မရွေးအပေါ် ဩဇာရှိသူ ဖြစ်ပါတယ်။
🇳🇱 Nigel de Jong, ex-Man City midfielder and now technical director of the Dutch FA, was at the AXA Training Centre today.
De Jong crucial to any decision over when to reintegrate #LFC's Ryan Gravenbech within the Netherlands setup. pic.twitter.com/HHIrwpjWel
— Jack Lusby (@LusbyJack) November 3, 2023
ကွင်းလယ်လူ ဂရာဗင်ဘက်ချ်က သူ အသင်းနဲ့အတူ ပထမဆုံးသော ပရီးမီးယားလိဂ် သွင်းဂိုးကို ရဖို့ လိုအပ်နေပြီဖြစ်ကြောင်းနဲ့ ဒီအပတ် သွင်းယူလိုတယ်လို့ မှတ်ချက်ပေးလာပါတယ်။
စပါး ၂-၁ လီဗာပူးပွဲအပြီးမှာ အမှားတွေဖြစ်တတ်တာကို နားလည်ဖို့ လိုပါတယ်လို့ ထုတ်ပြောခဲ့တဲ့ အာတီတာဟာ မနက်က နယူးကာဆယ်ကို ရှုံးနိမ့်အပြီးမှာ ပရီးမီးယားလိဂ် ဒိုင်တွေက လုံလောက်အောင် မကောင်းကြဘဲ သူတို့နဲ့ ဆက်ဆံနေရတာကို ရှက်မိတယ်လို့ ပြစ်တင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် သုံးသပ်သူတွေက ဒီရာသီမှာ လူတိုင်းက လီဗာပူးကို အထင်သေး လျော့တွက်ကြကြောင်းနဲ့ ဘယ်သူမှ ဂရုမစိုက်လို့ ဖိအားကင်းကင်း ကစားနေရတာမျိုးကို ကလော့ပ်တို့က ပျော်ရွှင်နေလိမ့်မယ်လို့ စတင် သတိပေးလာပါတယ်။
လီဗာပူးအသင်းဟာ ဝုဗ်အသင်းမှ ဘယ်အစွန်လူ Rayan Aït-Nouri အတွက် စုံစမ်းမှုတွေ စတင်ပြုလုပ်နေပါတယ်။ ကစားသမားဘက်ကတော့ လီဗာပူးကို ပြောင်းရဖို့ကို သဘောကျပါတယ်။
၂၀၂၂ နွေမှာတုန်းက လီဗာပူးအသင်းဟာ ဆွန်ယောင်မင်ကို ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် စပါးအသင်း ချန်ပီယံလိဂ် ဝင်ခွင့်ရသွားတာကြောင့် ကစားသမားက အသင်းပြောင်းဖို့ကို နောက်ဆုတ်သွားခဲ့တာ ဖြစ်ပါတယ်။
၂၀၂၄ နွေကျရင် သီယေဂိုဟာ လီဗာပူးကနေ အလွတ်ဖြင့် ထွက်ခွာသွားမှာပါ။