

ဒီကနေ့ည ၁၁ နာရီမှာတော့ လီဗာပူးဟာ ပရီးမီးယားလိဂ် အဝေးကွင်းအဖြစ် လူတန်တောင်းကွင်းထံ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Team news
- လူဝစ် ဒီယက်ဇ် လေ့ကျင့်ရေး ပြန်ဝင်နေပါပြီ။ ပွဲထွက်မှာ သုံးဖို့တော့ မသေချာသေးပါဘူး။
- သီယေဂိုက ၂၀၂၄ မှ ကစားနိုင်မှာဖြစ်ကာ ဘာ့ဂျ်ဆီတစ်က သက်သာလာဖို့ လိုနေပါသေးတယ်။
Liverpool’s XI vs. Luton
ဒီရာသီ လီဗာပူးအသင်းရဲ့ အကောင်းဆုံး လူစာရင်းက သတင် ပေါ်ထွက်လာနေပါပြီ။ ဒီပွဲမှာ နေရာ ၂ ခုကလွဲရင် ကျန်တဲ့ နေရာတွေမှာ ဘယ်ကစားသမားတွေ ပွဲထွက်ခွင့်ရမလဲက သိသာလာနေပါတယ်။
ဂိုးသမားနေရာ အယ်လီဆန်ဖြစ်ပြီး ခံစစ်ကတော့ ထရန့်၊ ကိုနတေး၊ ဗန်ဒိုက်နဲ့ ကိုစတက်တို့ပဲ ဖြစ်ပါလိမ့်မယ်။ လီဗာပူးရဲ့ ဘယ်ခြမ်းဟာ စိတ်ဝင်စားစရာ အခြေအနေ ဖြစ်ပြီး ကိုစတက်ဟာ ဒီရာသီ ရော်ဘတ်ဆန်ထက် စာရင် တိုက်စစ်ကို အနည်းငယ် ပိုလိုက်ခွင့်ရှိနေပါတယ်။
ကွင်းလယ်မှာတော့ လူတန်တောင်းကို ရင်ဆိုင်ရာမှာ ဘောလုံးပိုင်ဆိုင်က လီဗာပူးဘက်က များမှာမို့ အန်ဒိုလို ခံစစ်အားသန်သူကို ထည့်သုံးမှာ မဟုတ်ပါဘူး။ မာကာနဲ့ ဆိုဘိုစလိုင်တို့ သေချာပေါက် ပွဲထွက်ခွင့်ရမှာဖြစ်ပြီး ဘယ်ခြမ်း ကွင်းလယ်လူ နေရာပဲ ဂျုံးနဲ့ ဂရာဗင်ဘက်ချ်တို့ထဲက ဘယ်သူ ဖြစ်လာမလဲ စောင့်ကြည့်ရမှာပါ။
တိုက်စစ်ကလည်း ဒါဝင်နဲ့ ဆာလာတို့ကို ပွဲထွက်မှာ တွဲပေးပြီး ဘယ်ခြမ်းမှာတော့ ဂျိုတာကို ထုတ်သုံးမယ် မှန်းဆရပါတယ်။ ကြားရက်က ဘုန်းမောက်ပွဲမှာ ဂျိုတာကို အနားပေးထားတာ ဒီပွဲအဖြစ် ဖြစ်နိုင်ပါတယ်။ ဂက်ပိုနဲ့ ဒီယက်ဇ်ကတော့ လူစားဝင်ပဲ ဖြစ်ပါလိမ့်မယ်။
ဒီအပတ်မှာ အာဆင်နယ် ခြေချော်သွားပြီး စပါးနဲ့ ချယ်ဆီး ထိပ်တိုက်တွေ့တဲ့ ပွဲစဉ် ရှိနေပါတယ်။ ဒီလို သီတင်းပတ်မှာ တန်းဆင်းဇုန်က ကလပ်ကို အနိုင်မယူနိုင်ရင် ဆုံးရှုံးမှု ကြီးမားသွားမှာ ဖြစ်ပါတယ်။