

လူတန်တောင် ၁-၁ လီဗာပူး ပွဲစဉ်အပြီး လီဗာပူးအသင်းဟာ ရမှတ် ၂၄ မှတ်ဖြင့် အမှတ်ပေးဇယား တတိယနေရာမှာ ရှိနေကာ ဇယားထိပ်က မန်စီးတီးနဲ့ ၃ မှတ် ပြတ်လာနေပါပြီ။ ချယ်ဆီးကို စပါးတို့ အနိုင်ရရင်တော့ ဇယားထိပ်နဲ့ ၅ မှတ် ပြတ်သွားမှာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ကို ပြန်လည် စိန်ခေါ်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ဂျင်မီ ကာရေဂါက ဆိုပါတယ်။ သူကတော့ ဗဟိုခံစစ်မှူးသစ်နဲ့ ကွင်းလယ် အတွင်းလူ အသစ်တို့ကို တောင်းဆိုသွားပါတယ်။
ဒါဝင် နူးညက်စ်ရဲ့ အံဖွယ် လွဲချော်မှု မတိုင်ခင်မှာ ဆာလာ လူကျွံနေကြောင်း စည်းကြပ်ဒိုင်က အလံထောင်ခဲ့ပါတယ်။ ဒါပေမယ့်လို့ ဒီအခွင့်အရေးကို လူကျွံကျွံ မကျွံကျွံ ဝင်အောင်ပိတ်ရမှာက ဒါဝင်ရဲ့ တာဝန်အဖြစ် ပရိသတ်တွေက ပြစ်တင်နေကြပါတယ်။
Darwin won us the game at St James Park when it looked it was impossible to win a game
Darwin lost us the game at Luton today when it looked impossible not to win and not to score
Mental pic.twitter.com/qcOILNK9jv
— LiverpoolGoals (@Liverpoolgoals_) November 5, 2023
လီဗာပူးတစ်သင်းလုံးဟာ ရှက်စရာ ခြေစွမ်းတွေဖြင့် ကစားခဲ့ပေမယ့် လူစားဝင်လာတဲ့ ဒီယက်ဇ်တော့ မပါဝင်ဘဲ သူ့ကယ်တင်လို့ အရှက်မကွဲဘဲ အသင်းက သရေတစ်မှတ် ရခဲ့တာပါလို့ ပရိသတ်တွေက အသိအမှတ် ပြုကြပါတယ်။
လူတန်တောင်ကို သရေကျစေမယ့် သွင်းဂိုး သွင်းယူအပြီး ဒီယက်ဇ်က “Freedom for father” ဆိုတဲ့ စာသားကို ပြသခဲ့သလို သူ့ရဲ့ ဖခင်ကို လွှတ်ပေးဖို့ ကိုလံဘီယာ ဂိုဏ်းအဖွဲ့တွေအား တောင်းဆိုတဲ့ စာတစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
ဒီယက်ဇ်ဟာ လီဗာပူး ကစားသမားဘဝ သွင်းဂိုး ၁၁ ဂိုး သွင်းထားပါတယ်။ ၄ ဂိုးဟာ အသင်း သရေရလဒ် ပြန်ရစေခဲ့ပြီး ၄ ဂိုးကတော့ အသင်းကို နိုင်ပွဲရစေခဲ့ပါတယ်။ အကျပ်အတည်းမှာ တကယ့် အရေးကြီးတဲ့ အသင်းသားဖြစ်ပါတယ်။
လူတန်တောင်ပွဲမှာ အဝါကဒ် ထိခဲ့တာကြောင့် ဒီရာသီ အဝါကဒ် ၅ ကဒ် ပြည့်ခဲ့ပြီဖြစ်တဲ့ မက်ကယ်လစ္စတာဟာ ဘရန့်ဖိုဒ့်နဲ့ပွဲကို လွဲချော်သွားတော့မှာ ဖြစ်ပါတယ်။
ဘရန့်ဖိုဒ့်ပွဲမှာ ဆိုဘိုစလိုင်ကို နံပါတ် ၆ နေရာ သုံးပြီး ညာခြမ်းမှာ ဟာဗေးကို သုံးကြည့်ဖို့ တိုက်တွန်းမှုတွေ ရှိပါတယ်။ ဒီရာသီမှာ ဟာဗေး ကောင်းနေပေမယ့် ပုံမှန် ပွဲကစားခွင့် မရရင် တည်ငြိမ်တဲ့ ခြေစွမ်း မရနိုင်ဘူးလို့ မှတ်ချက်တွေ ထွက်ပေါ်နေတယ်။
လူတန်တောင် ဧရိယာထဲမှာ ဗန်ဒိုက်ကို နပန်းကွက်နဲ့ ပြစ်ဒဏ်ကျူးလွန်ခြင်းကို ဒိုင်လူကြီးက ဘာပြစ်ဒဏ်မှ မပေးခြင်းအတွက် နည်းပြကလော့ပ်က ပြစ်တင်လိုက်ပါတယ်။