လူတန်တောင်ကို သရေရလဒ်ပဲ ယူနိုင်တဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ် အပြီးမှာ နည်းပြ ကလော့ပ်က တိုက်စစ်မှုး ဒါဝင် နူးညက်ကို အပြစ်တင်ဖို့ ငြင်းဆန်ခဲ့ပြီး ကလပ်ရဲ့ အားနည်းချက်အား ထောက်ပြခဲ့ပါတယ်။
ဒီရာသီ ပြိုင်ပွဲစုံ ၇ ဂိုး သွင်းထားတဲ့ ဒါဝင်ဟာ လူတန်တောင်ပွဲမှာ ဂိုးကန်သွင်းချက် ၉ ကြိမ်ထိ ရှိခဲ့ပါတယ်။ သို့ပေမယ့် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ဖို့ အဆုံးသတ်ပိုင်းတွေ လိုအပ်ခဲ့တာ ဖြစ်ပါတယ်။
ကလော့ပ်ကပဲ “ ကျနော်တို့မှာ တိုက်စစ်သမား ၅ ယောက် ရှိပါတယ်။ ပွဲတွေ အများကြီး ကစားရမှာ ဖြစ်ပေမယ့် ပွဲတိုင်းတော့ သူတို့ မကစားနိုင်ပါဘူး။ ဒါဝင်က အသင်းအတွက် ရာနှုန်းပြည့် ကြိုးစားခဲ့တယ်။ ဒီပွဲမှာတော့ စတားအဖြစ် ထပ်ပြီး မတောက်ပခဲ့ပါဘူး။
သူရတဲ့ ပထမဆုံး အခွင့်အရေးက သိပ်ကောင်းပါတယ်။ ထရန့်ပေးတာ သိပ်ကောင်းသလို ဒါဝင်ရဲ့ ဘောလုံးထိန်းချက်က ကောင်းမွန်ပြီး ကန်ချက်ကတော့ ဘားတန်းထိခဲ့တယ်။ တစ်သင်းလုံး ဂိုးသွင်းဖို့ ခံစားချက်ကောင်း မရှိတာကလည်း အကူအညီ မဖြစ်ခဲ့ပါဘူး။
ဒါဝင်က တစ်ပွဲလုံးမှာ ပါဝင် ကူညီခဲ့ပါတယ်။ အဆုံးသတ်တွေမှာ ကျနော်တို့ ပိုကောင်းသင့်ပေမယ့် ဒီပွဲမှာ ကျနော်တို့ရဲ့ ပြဿနာက အခြား နေရာတွေမှာပါ။
ကျနော်တို့ အခွင့်အရေးတွေ ပိုပြီး ဖန်တီးနိုင်သင့်တယ်။ တစ်ကြိမ်၊ နှစ်ကြိမ်လောက်မှာ ဂိုးသွင်းနိုင်သင့်တယ်။ ၁-၀ လောက်နဲ့ အနိုင်ရခဲ့မယ်ဆိုရင် ပျော်မိမှာပါ။ ကစားတာလည်း ပိုကောင်းသင့်ခဲ့တာပါ။
How Abobi wan tell hin kids that Darwin Nunez missed this😲🙆🏽♂️ pic.twitter.com/zCOKSksUMY
— 𝐀𝐛𝐨𝐛𝐢🕶️ (@Abobidey) November 5, 2023
မို ခေါင်းတိုက်ပြီး ဘောလုံးချပေးတဲ့ တစ်ကြိမ်မှာ မိုက ကိုယ့်ဘာသာ အဆုံးသတ်လိုက်သင့်တာ၊ သူလုပ်ပေးလိုက်တာလည်း သိပ်ကောင်းတဲ့ အခွင့်အရေး ဖြစ်ခဲ့ပါတယ်။ နောက်ထပ် အခွင့်အရေးတွေမှာလည်း ကျနော်တို့ ကံမကောင်းခဲ့ပါဘူး ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
နည်းပြကတော့ ဒါဝင်ထက် အခွင့်အရေး ဖန်တီးနိုင်စွမ်းနဲ့ အသင်းလိုက် စွမ်းဆောင်ရည် နည်းပါးမှုကြောင့် အနိုင်မခဲ့ရတာလို့ ယူဆနေတာ ဖြစ်ပါတယ်။