![diaz father](https://lfcthadin.com/wp-content/uploads/2023/11/diaz-father--678x381.jpg)
![](https://lfcthadin.com/wp-content/uploads/2024/08/lfc-ad-banner.jpg)
လူတန်တောင် ၁-၁ လီဗာပူးပွဲမှာ ဂိုးသွင်းခဲ့တဲ့ ဒီယက်ဇ်ဟာ ဂိုဏ်းအဖွဲ့တွေလက်ထဲ အဖမ်းခံထားရဆဲ သူ့ရဲ့ ဖခင်ကို အမြန်ဆုံး လွှတ်ပေးဖို့ ပုဂ္ဂိုလ်ရေးအရ တောင်းဆိုမှု ပြုလုပ်ခဲ့ပါတယ်။
နာကျင်အချိန်ပိုမှာ သရေကျစေမယ့် ချေပဂိုးကို ခေါင်းတိုက်ဂိုး သွင်းယူပြီးတဲ့နောက် ဒီယက်ဇ်က ဖခင်ဖြစ်သူကို ပြန်လွတ်ပေးဖို့ တောင်းဆိုတဲ့ ‘Freedom for Papa’ စာသားကို အများမြင်သာအောင် ဂျာစီလှန်ပြီး ပြသခဲ့တာပါ။ ပုံမှန်အားဖြင့် ဒီလိုဖြစ်ရပ်အဝါကဒ် ပြသခံရပေမယ့် ဒိုင်လူကြီးက နားလည်ပေးခဲ့ပါတယ်။
ဒါ့အပြင် ပရီးမီးယားလိဂ်ကတော့ ဒီယက်ဇ်ဟာ ဂျာစီကို အပြည့် လှန်ခဲ့တာ မဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ နောက်ဆက်တွဲ အပြစ်မပေးဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါဟာ ဖခင်ဖြစ်သူအတွက် စိတ်ပူနေတဲ့ သားတစ်ယောက်အဖို့ သူတို့ဘက်က သက်ညှာပေးမှုပဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၉ ရက်တုန်းက ဒီယက်ဇ်ရဲ့ မိဘနှစ်ဦး ပြန်ပေးဆွဲခံရခြင်းကနေ မိခင်ဖြစ်သူ ပြန်ပြီး လွတ်မြောက်လာခဲ့ပေမယ့် ဖခင်ဖြစ်သူကတော့ ပျောက်ဆုံးနေဆဲပါ။ ကိုလံဘီယာ အကြမ်းဖက် အဖွဲ့တစ်ခုဖြစ်တဲ့ ELN ကတော့ သူတို့ဟာ မှားယွင်းပြီး ဒီယက်ဇ်ရဲ့ ဖခင်ကို ပြန်ပေးဆွဲခဲ့မိတာလို့ ထုတ်ပြောထားပါတယ်။
လူတန်တောင်ပွဲမှ ဒီယက်ဇ်ရဲ့ သွင်းဂိုးအတွက် ကိုလံဘီယာမှာ ရှိနေတဲ့ သူ့ရဲ့ မိခင် အပါအဝင် မိသားစုဝင်တွေဟာ အောင်ပွဲခံခဲ့ကြပါတယ်။ ၎င်းတို့ကလည်း ကိုလံဘီယာကနေ ဒီယက်ဇ် ဖခင် လွတ်မြောက်ဖို့ ကြိုးစားနေကြတာပါ။
နည်းပြကလော့ပ်ကတော့ တခါမှ မကြုံဖူးတဲ့ ဒီဖြစ်ရပ်မှာ ဒီယက်ဇ် စိတ်သက်သာရာရဖို့က ဘောလုံးကွင်းထဲ ဘောလုံးကစားနေရတာကပဲ တတ်နိုင်တာကြောင့် မိနစ် ၉၀ လောက်ပဲ သူ အဆင်ပြေရင် ပြေပါစေဆိုပြီး ပွဲနေ့ လူစာရင်းထဲ ပြန်ထည့်ပေးထားတာလို့ ထုတ်ပြောထားတာ ဖြစ်ပါတယ်။