

ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ အပြီးမှာ လီဗာပူးအသင်းဟာ ရမှတ် ၂၄ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၃ မှာ ရပ်တည်နေပြီး ဇယားထိပ်နဲ့ ၃ မှတ်အကွာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် တန်းတက်ကလပ်တွေကို အနိုင်ယူနိုင်စွမ်း နည်းပါပြီး ပြိုင်ဘက် မန်စီးတီးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သိသိသာသာကို ရမှတ် မယူနိုင်ထားကြောင်း ပေါ်လွင်နေပါတယ်။
ချယ်ဆီးကို ၄-၁ ဖြင့် အရေးနိမ့်တဲ့ပွဲမှာ စပါးတို့ ဦးဆောင်ထားနိုင်ချိန် ခံစစ်မှူး ရိုမဲရိုး တိုက်ရိုက် အနီကဒ်ဖြင့် ထုတ်ပယ်ခြင်း ခံခဲ့ရသလို နောက်ပိုင်းမှာ စပါးတို့ ၉ ယောက်တည်းဖြင့် ယှဉ်ပြိုင်ရပြီး ၄ ဂိုး ပေးခဲ့ရပါတယ်။
ဒီရာသီ တစ်ဦးချင်း ထိပ်တိုက် အောင်နိုင်မှု အမြင့်ဆုံး ခံစစ်မှူးက ဗန်ဒိုက်ဖြစ်ပြီး ၈၀% ကို အောင်မြင်ထားကာ ဒုတိယနေရာမှာတော့ ၇၂% ဖြင့် ချယ်ဆီးမှ ကိုးဝဲလ်ဖြစ်ပါတယ်။
ဒီရာသီ Big Chance တွေကို အဖြုန်းတီးဆုံး ကစားသမားဟာ ဒါဝင် နူးညက်စ် (၁၀ ကြိမ်) မဟုတ်ဘဲ ဝတ်ကင် (၁၁ ကြိမ်) နဲ့ ဟာလန်း (၁၁ ကြိမ်) တို့ဖြစ်ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ Big Chances ဖန်တီးပေးနိုင်စွမ်း အမြင့်ဆုံး ကစားသမားက ဆာလာဖြစ်ပြီး ၁၁ ကြိမ် လုပ်ထားနိုင်ပါတယ်။
ပဲရစ်ဖွား ပြင်သစ်သား ကိုနတေးက တစ်ရက်မှာ ပီအက်စ်ဂျီအတွက် ကစားပေးဆိုတဲ့ အိပ်မက် မရှိဘူးဆိုရင် သူ ညာတာပါပဲလို့ ထုတ်ပြောခဲ့ပါတယ်။
လီဗာပူးအသင်းဟာ လေဗာကူဆင် တောင်ပံသမား Florian Wirtz ကို စိတ်ဝင်စားနေကြောင်း အသံထွက်နေပြီး ခေါ်ယူနိုင်ရေး ချယ်ဆီး၊ ဘိုင်ယန်မြူးနစ်တို့နဲ့ ယှဉ်ပြိုင်ရမှာပါ။
ဖလူမီနက်စ်အသင်းမှ ဘရာဇီး ကွင်းလယ်လူ အန်ဒရေးကို ခေါ်ယူရေးအတွက် လီဗာပူး အပြင် အာဆင်နယ်နဲ့ ဖူလ်ဟမ်တို့ကလည်း ကြိုးစားနေတာ ဖြစ်ပါတယ်။