လီဗာပူးအသင်းရဲ့ အံ့အားသင့်ဖွယ် မှတ်တမ်း ထွက်ပေါ်လာပြီး ချန်ပီယံ မဖြစ်တဲ့ အဓိက အကြောင်းရင်းလို့ ယူဆနိုင်ပါတယ်

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် တန်းတက်ကလပ် လူတန်တောင်း အသင်းနဲ့ ယှဉ်ပြိုင်ရာမှာ ဂိုးကန်သွင်းချက် ၂၄ ကြိမ် ရခဲ့ပေမယ့် သွင်းဂိုး ၁ ဂိုးပဲ ရခဲ့ပြီး နိုင်ပွဲ မပြောနဲ့ မရှုံးခဲ့တာတောင် ဝမ်းသာရမယ့် အနေအထား ဖြစ်ပါတယ်။

ပွဲအပြီး ၁-၁ ရလဒ် ထွက်ပေါ်ခဲ့သလို ဇယားထိပ်က မန်စီးတီးနဲ့ ၁ မှတ်အကွာ ဒုတိယနေရာမှာ ရှိနေရမယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့တယ်။ ပရီးမီးယားလိဂ် တန်းတက်ကလပ်ကို ရင်ဆိုင်ရင်း ရလဒ် ဆိုးရွားခြင်းဟာ လီဗာပူးရဲ့ ပုံမှန် ကိစ္စတစ်ခုလို ဖြစ်လာနေပါတယ်။

ပရီးမီးယားလိဂ် တန်းတက်ကလပ်တွေဟာ ပြိုင်ဘက်တွေထဲမှာ အင်အားအနည်းဆုံး ဆိုတဲ့ အသင်းမျိုးတွေဖြစ်ပါတယ်။ ဒါပေမယ့် အံ့ဩသင့်စရာက လီဗာပူးအသင်းဟာ တန်းတက်ကလပ်တွေကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရာမှာ ရလဒ် မကောင်းပါဘူး။

နောက်ဆုံး သွားကစားထားတဲ့ ၁၀ ပွဲမှာ ၃ ပွဲပဲ အနိုင်ရဖူးပြီး ရနိုင်တဲ့ အမှတ် ၃၀ ထဲမှာ ၁၄ မှတ်ပဲ ရခဲ့ပါတယ်။ မနှစ်ကရာသီမှာဆိုရင် တန်းတက်ကလပ် ၃ သင်းကို အဝေးကွင်း သွားကစားရာမှာ နိုင်ပွဲ လုံးဝ မရှိခဲ့ဘဲ ၁ မှတ်ပဲ ရခဲ့ပါတယ်။

Liverpool’s recent results on the road vs. promoted sides

  • Drew 1-1 vs. Luton – 2023/24
  • Lost 1-0 vs. Bournemouth – 2022/23
  • Lost 1-0 vs. Forest – 2022/23
  • Drew 2-2 vs. Fulham – 2022/23
  • Won 5-0 vs. Watford – 2021/22
  • Drew 3-3 vs. Brentford – 2021/22
  • Won 3-0 vs. Norwich – 2021/22
  • Won 2-1 vs. West Brom – 2020/21
  • Drew 1-1 vs. Leeds – 2020/21
  • Drew 1-1 vs. Fulham – 2020/21

ဒီနေရာမှာ သိသာတဲ့ နှိုင်းယှဉ်မှု ပြုလုပ်ရမယ်ဆိုရင် မန်စီးတီးဟာ ပရီးမီးယားလိဂ် တန်းတက်ကလပ်တွေထံက အဝေးကွင်း သွားကစားခဲ့တဲ့ နောက်ဆုံး ၁၁ ပွဲမှာ ရနိုင်တဲ့ အမှတ် ၃၃ မှတ်ထဲက ၂၉ မှတ်ထိ စုဆောင်းနိုင်ခဲ့ပါတယ်။

များသောအားဖြင့် တန်းတက်ကလပ်တွေဟာ အသင်းကြီးတွေကို ရင်ဆိုင်ရာမှာ ခံစစ် ပိတ်ကစားလေ့ရှိပြီး နည်းပြကလော့ပ်ရဲ့ အသင်းဟာ ပြိုင်ဘက်ရဲ့ ခံစစ်ကို ဖြိုခွင်းနိုင်မှုမှာ အားနည်းချက် ကြီးမားလွန်းတယ်လို့ ထောက်ပြစရာ ရှိလာနေပါတယ်။