VAR ကိစ္စတွေ သိပ်နာမည်ကြီးနေချိန် ကလော့ပ်နဲ့ ကျောင်းတော်က ရန်စရှင် တီယာနေးတို့ ပြန်တွေ့ပြီ

ဧပရယ်လတုန်းက လီဗာပူး ၄-၃ စပါးပွဲနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒိုင်လူကြီး ပေါလ်တီယာနေးဟာ လီဗာပူးအသင်း ပွဲစဉ်ကို ပြန်လည် ကိုင်တွယ်ပြီ ဖြစ်ပါတယ်။

ဒီအပတ် တနင်္ဂနွေနေ့ ဘရန့်ဖိုဒ့်နဲ့ပွဲမှာ တီယာနေးဟာ လီဗာပူးပွဲကို ကွင်းလယ် ဒိုင်လူကြီးအဖြစ် ပြန်လည် ကိုင်တွယ်ပါမယ်။ VAR ဒိုင်ကတော့ Stuart Attwell ဖြစ်ပါတယ်။

ကွင်းလယ်ဒိုင်က တီယာနေး ဆိုတဲ့ ကိစ္စဟာ လီဗာပူးပရိသတ်တွေကို စိတ်မချမ်းသာစေပါဘူး။ လွန်ခဲ့တဲ့ ၆ လတုန်းက ဗီဒီယာတွေထက် ပွဲဆူခဲ့တဲ့ ကလော့ပ်ရဲ့ မှတ်ချက်အပြီးမှာ တီယာနေးဟာ လီဗာပူး ပွဲစဉ်တွေကို လုံးဝ ကိုင်တွယ်ခွင့် မရှိခဲ့တာပါ။

အဲ့တုန်းက နည်းပြကလော့ပ်ကပဲ ” ကျနော်တို့နဲ့ ပေါလ်တီယာနေးကြား ဇာတ်လမ်းတော့ ရှိရမယ်။ ဒီလူက ဘာကြောင့် ကျနော်တို့ကို မုန်းနေမှန်းကို မသိတာပါ။ သူက ဘာပြဿနာမှ မရှိပါဘူးလို့ ပြောနေပေမယ့် မဖြစ်နိုင်ဘူး။ သူ့ ကျနော်ကို ကြည့်တဲ့ အကြည့်တွေကိုတောင် နားလည်ရ ခက်ခဲပါတယ် ” လို့ ပေါ်တင် ထုတ်ပြောခဲ့ပါတယ်။

ဒိုင်လူကြီးကို ဝေဖန်ခြင်းကြောင့် ကလော့ပ်ကို အက်ဖ်အေက အရေးယူဖို့ လုပ်ခဲ့သလို လီဗာပူးအသင်းကို အမှတ်လျော့ဖို့ထိ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ နည်းပြကလော့ပ်က တီယာနေးကို တောင်းပန်ခဲ့လို့ ဒဏ်ကြေးနဲ့ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဖြစ်ရပ်အပြီး အသက် ၄၂ နှစ်အရွယ် ဒိုင်လူကြီးဟာ လီဗာပူးပွဲတွေကို လုံးဝ ကိုင်တွယ်ရခြင်း မရှိတော့ပါဘူး။

ဂရိတ်မန်ချက်စတာဖွား တီယာနေးဟာ လီဗာပူးအသင်း ပွဲတွေမှာ ပြိုင်ဘက်ကို အသာစီးရစေမယ့် ဆုံးဖြတ်ချက်တွေ မကြာခဏ လုပ်ခဲ့သလို သူ့ကြောင့် ခဏဏ အငြင်းပွားရလေ့ ရှိပါတယ်။ သူကိုင်တွယ်တဲ့ ပွဲစဉ် ၂၅ ပွဲမှာ လီဗာပူးအသင်းဟာ ၁၃ ပွဲပဲ အနိုင်ရပြီး ရှုံးပွဲ ၈ ပွဲထိ ရှိထားခဲ့ပါတယ်။