အန်ဒရေးကို ခေါ်ယူရေး ပြိုင်ဘက်အသင်း အရေးသာနေခြင်း၊ ပိုချက်တီနို သတိပေးချက်နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

နယ်သာလန်အသင်းက ဂရာဗင်ဘက်ချ်ကို အပြစ်ပေးထားမှု ကာလ ပြီးဆုံးခဲ့ပြီဖြစ်ကာ အနာဂတ်မှာ လက်ရွေးစင် အသင်းတွေအတွက် ပြန်ပြီး ရွေးချယ်တော့မှာ ဖြစ်ပါတယ်။

သိပ်မကြာတော့တဲ့ ကာလမှာ ဒီယက်ဇ်ရဲ့ ဖခင် ပြန်လွှတ်လာတော့မယ်လို့ သိရပါတယ်။ ကိုလံဘီယာမှာ တာဝန်ရှိသူတွေကြား ညိနှိုင်းမှု အဆင်ပြေနေတယ်လို့ ကြားသိရတာပါ။

ဒါဝင် နူးညက်စ် အနေနဲ့ လီဗာပူး ကစားသမားဘဝ အခြေခိုင်ဖို့ အကူအညီလိုရင် ဆွာရက်စ်ကို ဖုန်းဆက်လို့ရသလို သူနဲ့ အီရန်ရှက်တို့လို ကလပ် တိုက်စစ်မှူးဟောင်းတွေကိုလည်း ဖုန်းဆက် အကူအညီ တောင်းနိုင်ပါတယ်လို့ စတားရစ်က အသိပေးလာပါတယ်။

ချယ်ဆီးနည်းပြ ပိုချက်တီနိုက ပြိုင်ဘက် နည်းပြ အများအပြားက VAR ကို ကွန်ပလိန်းတက်နေကြပြီး အဲ့လို မလုပ်ကြဖို့နဲ့ နည်းပညာကို လက်ခံကြဖို့ တိုက်တွန်းသွားပါတယ်။

လီဗာပူးအသင်းဟာ ပစ်မှတ်အချို့ကို ကင်းထောက်နေတယ် ဆိုတာကလွဲလို့ ဇန်နဝါရီမှာ ကစားသမား ခေါ်ယူမှာလား ဆိုတာ ဘယ်သူမှ သေချာ မသိပါဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီ စျေးကွက် ၂ ခုမှာလည်း ဒီယက်ဇ်နဲ့ ဂက်ပိုတို့ကို သတင်းမထွက်ဘဲ ခပ်မြန်မြန် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဖလူမီနက်စ် ကွင်းလယ်လူ အန်ဒရေးကို ခေါ်ယူဖို့မှာ လီဗာပူး၊ အာဆင်နယ်တို့ကို ကျော်ပြီး ဖူလ်ဟမ်က ပိုအရေးသားလိမ့်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဖူလ်ဟမ်အသင်းဟာ ကွင်းလယ်လူ ပါလင်ညာကို ဇန်နဝါရီစျေးကွက်မှာ ဘိုင်ယန်မြူးနစ်ထံ လက်လွတ်ရနိုင်ပြီး သူ့နေရာမှာ အန်ဒရေးဖြင့် တိုက်ရိုက် အစားထိုးဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ချန်ပီယံရှစ်ကလပ် ပရီစတန်အသင်းထံ အငှားထွက်နေတဲ့ ညာအစွန်လူ ကယ်ဗင် ရမ်ဆေးဟာ ဒီရာသီ ပထမဆုံး အကြိမ်အဖြစ် လန်ကတ်ရှိုင်းယား စီနီယာဖလား ပွဲစဉ်မှာ ၄၅ မိနစ် ပါဝင်ကစားခဲ့ပါတယ်။

Al Ahli အသင်းဟာ ဖာမင်နိုကို ပြန်ပြီး ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။ ၎င်းတို့အသင်းက လူသစ်တွေ ထပ်ခေါ်မယ်ဆိုရင် လက်ရှိ ကစားသမား အချို့ကို ရောင်းထုတ်ရမှာပါ။