

လူတန်တောင်ပွဲမှာ လီဗာပူးအသင်းဟာ ဂိုးအတွက် ခြိမ်းခြောက်မှု ၂၄ ကြိမ် လုပ်ခဲ့ပေမယ့် သွင်းဂိုး ၁ ဂိုးရဖို့ ပွဲပြီးခါနီး အချိန်ပိုထိ စောင့်ခဲ့ရပါတယ်။
ခရစ်ဆက်တန်ကတော့ လီဗာပူးအသင်း ပရီးမီးယားလိဂ် စိန်ခေါ်နိုင်မှာ မဟုတ်ဘူး ဆိုတဲ့ ကာရေဂါရဲ့ အမြင်ကို လက်မခံပေမယ့် လူတန်ပွဲကလို ဖြုန်းတီးမှုတွေ၊ အမှတ် မယူနိုင်မှုတွေနဲ့ဆိုရင် မန်စီးတီးနဲ့ ယှဉ်ပြိုင်ကာ ချန်ပီယံနေရာ လုနိုင်မှာ မဟုတ်ဘူးလို့တော့ ထောက်ခံခဲ့ပါတယ်။
“ လီဗာပူးအသင်း ပရီးမီးယားလိဂ် အနိုင်ရမယ်ထင်လား? မေးလာရင်တော့ မထင်ပါဘူး။ သူတို့ မန်စီးတီးကို စိန်ခေါ်နိုင်မှာလား? မေးလာရင်တော့ အဲ့လို ထင်ပါတယ်။ ဒီတော့ ကာရေဂါက လီဗာပူးက ပရီးမီးယားလိဂ် စိန်ခေါ်မှုမှာ ပါဝင်မှာ မဟုတ်ဘူး ဘာကြောင့် ငြင်းသလဲ ကျနော် မသိပါဘူး။
လူတန်တောင်က ကစားပုံ ကောင်းခဲ့ပြီး လီဗာပူးက အခွင့်အရေးတွေ အများကြီးကို လွဲချော်ခဲ့ပါတယ်။
သူတို့ အခွင့်အရေးတွေရခဲ့ပြီး ပထမပိုင်းမှာ ဂျိုတာရဲ့ ကန်ချက်က အတော်လေး ကောင်းခဲ့ပါတယ်။ ဒါဝင် နူးညက်စ်ကတော့ ဘုန်းမောက်ပွဲမှာလို သိပ်ကောင်းတဲ့ ဂိုးမျိုး ရဖို့ မျှော်လင့်ခဲ့ပေမယ့် သူက လူတန်ပွဲမှာ လွဲချော်ခဲ့ပါတယ်။
ကျနော်က လီဗာပူးပရိသတ် မဟုတ်ပါဘူး။ သူတို့ မန်စီးတီးကို စိန်ခေါ်လိုတယ်ဆိုရင် လူတန်ကို မနိုင်တာအတွက် သူတို့ မကျေမနပ်ဖြစ်ကြမှာပါ။ လီဗာပူးကလည်း ပရီးမီးယားလိဂ်ဖလား စိန်ခေါ်လိုမှာပါ။
မန်စီးတီးကို စိန်ခေါ်ဖို့ဆိုရင် ရမှတ်တွေ ထပ်ပြီး ကျဆင်းလို့ မရပါဘူး။ ရမှတ်တွေ ဆုံးရှုံးလို့ မရပါဘူး ” လို့ ဆက်တန်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။