NEWS: ဇန်နဝါရီမှာ ကွင်းလယ်လူ အန်ဒရေကို ခေါ်ယူသွားမှာ မဟုတ်တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ နွေတုန်းက ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့်လို့ ဖလူမီနက်စ် ဘက်က ပိတ်ပင်ခဲ့တဲ့ ကွင်းလယ်လူ အန်ဒရေကို ဆောင်းရာသီ စျေးကွက်မှာ ထပ်မံ ကြိုးစားတော့မှာ မဟုတ်ပါဘူး။

သတင်းထောက် David Lynch ကတော့ ဖူလ်ဟမ်နဲ့ အာဆင်နယ်တို့ကလည်း သဘောကျနေတဲ့ ဘရာဇီးသား ကွင်းလယ်လူကို ရာသီဝက်မှာ ခေါ်ယူရေး လီဗာပူးဘက်က စိတ်ဝင်စားမှု မရှိဘူးလို့ ဖော်ပြခဲ့တာပါ။

ဒီနွေမှာ နည်းပြကလော့ပ်နဲ့ အားကစားဒါရိုက်တာ ဂျော့ရှမတ်ကီတို့ဟာ ကွင်းလယ် ပြန်တည်ဆောက်ရေးမှာ အန်ဒရေးကို အဓိက ပစ်မှတ်အဖြစ် ထည့်သွင်းပြီး ညိနှိုင်းစကားပြောမှုတွေပါ ပြုလုပ်ခဲ့သေးတာ ဖြစ်ပါတယ်။

ဖလူမီနက်စ်ဘက်ကလည်း Copa Libertadores ပြိုင်ပွဲမှာ အမြင့်ဆုံး အဆင့်ထိ ရောက်လိုတဲ့ ရည်ရွယ်ချက်ကြောင့် အန်ဒရေးကို ဆက်ထိန်းဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့ ဆုံးဖြတ်မှုက မှန်ကန်ခဲ့ပြီး တောင်အမေရိကရဲ့ ဂုဏ်သိက္ခာရှိ ဖလားကို အောင်မြင်ခဲ့ပါတယ်။

လီဗာပူးအတွက်ကတော့ အန်ဒိုနဲ့ ဂရာဗင်ဘက်ချ်တို့ကိုပါ ထပ်မံ လက်မှတ်ထိုးခဲ့တဲ့နောက် ကွင်းလယ်ပိုင်းကို အရေးကြီး အားဖြည့်ရမယ့် ကိစ္စအဖြစ် ဆက်လက် ကြိုးစားသွားဖွယ် မရှိတော့ပါဘူး။

လီဗာပူးအသင်းဟာ ခံစစ်ပိုင်းအတွက် စောင့်ကြည့်မှု အချို့ ပြုလုပ်နေသလို ဘယ်အစွန် နေရာအတွက်လည်း သတင်းထွက်နေတာရှိနေပေမယ့် အပြောင်းအရွှေ့ စျေးကွက် မဖွင့်လာချိန်ထိ ကလပ်ရဲ့ လှုပ်ရှားမှုတွေကို သိနိုင်ဖို့ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။