

ဗန်ဒိုက်မှာ အဖျားနည်းနည်းရှိတာကြောင့် အနားပေးဖို့ လီဗာပူးမှာပဲ ချန်ခဲ့တာ ဖြစ်ပါတယ်။ တံကောက်ကြော် အသေးစား ဒဏ်ရာရှိနေတဲ့ ကာတစ်ဂျုံးကတော့ နိုင်ငံတကာ သီတင်းပတ် အပြီးမှ ပြန်ကစားနိုင်မှာဖြစ်ပြီး ဂရာဗင်ဘက်ချ်ကတော့ ဘရန့်ဖိုဒ့်ပွဲမှာ ပြန်ပါနိုင်ပါမယ်။
ပြင်သစ်ခရီးစဉ်ကို ထွက်ခွာသွားတဲ့ အသင်းရဲ့ ၂၂ ဦးပါ လူစာရင်းမှာ ဒဏ်ရာက ပြန်သက်သာလာတဲ့ ဗန်ဒုတ်လည်း ပါဝင်သွားခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ဖလူမီးနက်စ် ကွင်းလယ်လူ အန်ဒရေးကို ခေါ်ယူဖို့ ကြိုးစားသွားဖွယ် မရှိတော့ပါဘူး။
ဘရန့်ဖိုဒ့်ပွဲမှာ ပွဲပယ်ခံရမယ့် မာကာကို ယူရိုပါလိဂ်ပွဲမှာ ပွဲထွက် လူစာရင်းကနေ ထုတ်သုံးမယ်လို့ သိရပါတယ်။
ဒဏ်ရာရနေတဲ့ လူငယ် ညာအစွန်လူ ကော်နာ ဘရတ်ဒလေဟာ အသင်းနဲ့အတူ လေ့ကျင့်ရေး အနည်းငယ်မှာ ပူးပေါင်း ပါဝင်သွားခဲ့ပါတယ်။
လီဗာပူးအသင်းဟာ နှစ်သစ်မှာတော့ ဘာ့ဂျ်ဆီတစ်ကို နံပါတ် ၆ နေရာမှာ သုံးနိုင်မယ်လို့ ယုံကြည်ထားတာနဲ့အတူ နောက်ထပ် ကွင်းလယ်လူသစ် တစ်ဦး ခေါ်ယူရေး ပြုလုပ်သွားတော့မှာ မဟုတ်ပါဘူး။
ဟာဗေးက မနှစ်ကရာသီမှာ ခံစစ်ပိုင်း ကာကွယ်မှုတွေအတွင်း သူ မှားယွင်းတဲ့ နေရာတွေမှာ ရှိနေခဲ့တယ်ဆိုတာ နားလည်ထားကြောင့်နဲ့ ဒီအပေါ် သင်ယူနေပါကြောင်း ထုတ်ပြောလာပါတယ်။
လီဗာပူးအသင်းနဲ့ စာချုပ်ကုန်ခဲ့ရင် သီယေဂိုဟာ ဆော်ဒီလိဂ် ဒါမှမဟုတ် စီးရီးအေထံ ရောက်သွားနိုင်ပါတယ်။
ရော်ဘတ်တို ဖာမင်နိုကတော့ ၂၀၁၇ ကနေ ၂၀၂၀ အတွင်းမှာ လီဗာပူးဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်း ဖြစ်တယ်လို့ ယုံကြည်နေပြီး ကိုဗစ်ကပ်ရောဂါ ရောက်လာခြင်းဟာ ထိခိုက်မှုရှိသွားစေတယ်လို့ ဆိုပါတယ်။
လူငယ်ဂိုးသမားလေး ပီတာလူးဂါးကို ဘရာဇီး အိုလံပစ်အတွက် ရည်ရွယ်ပြီး ယူ-၂၃ အသင်းအတွက် ပွဲကစားပေးဖို့ စတင် ခေါ်ယူသွားမှာ ဖြစ်ပါတယ်။