မာကာ 8 Role ကစားပြီး အန်ဒို၊ ဟာဗေးတို့ ပါဝင်လာမယ့် တူးလုစ့်ပွဲ ပွဲထွက်လူစာရင်း ခန့်မှန်းခြင်း

လီဗာပူးအသင်းဟာ ဒီကနေ့ည ၁၂ နာရီ ၁၅ မိနစ်မှာတော့ ယူရိုပါလိဂ် ပွဲစဉ်အဖြစ် တူးလုစ့်အသင်းနဲ့ အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရပါမယ်။

ဒီပွဲ အနိုင်ရခဲ့ရင် လီဗာပူးအသင်းဟာ ရှုံးထွက်ကို အုပ်စုဗိုလ်အဖြစ် တက်ရောက်ကာ play-off ကစားရဖို့ကို ရှောင်လွဲနိုင်မှာပါ။ ဒါဟာ ဒီဇင်ဘာမှာ ပွဲကြပ်ကာလအတွင်း ပရီးမီးယားလိဂ်ကို အာရုံစိုက်ခွင့်ရစေမှာ ဖြစ်ပါတယ်။ သို့ပေမယ့် အဓိက ကစားသမားတွေကို အနားပေးမယ် မျှော်လင့်ရပါတယ်။

Team news

  • အသေးစား တံကောက်ကြော ဒဏ်ရာကြောင့် နိုင်ငံတကာသီတင်းပတ် အပြီးမှ ကာတစ်ဂျုံး ပြန်ကစားနိုင်ပါမယ်။
  • ဗန်ဒိုက် အဖျားကြောင့် ပြင်သစ်ခရီးကို မပါသွားပါဘူး။
  • ဂရာဗင်ဘက်ချ်လည်း ဒူးဒဏ်ရာကြောင့် အက်ဆာမှာ ကျန်ခဲ့ပါတယ်။
  • ဒီယက်ဇ် ဒီပွဲကို ပွဲထွက်ပေးဖို့ အဆင်သင့် ဖြစ်နေမှာပါ။
  • အပေါ့စား လေ့ကျင့်ရေးမှာ ခံစစ်သမား ဘရတ်ဒလေ ပြန်ပါလာပေမယ့် ပြင်သစ်ခရီးကို လိုက်ပါမသွားပါဘူး။

Liverpool’s XI vs. Toulouse

ဒီပွဲမှာတော့ ဂိုးသမားနေရာ ကလယ်ဟာ ပွဲထွက်မှာဖြစ်ကာ ခံစစ်ကတော့ ဂိုးမက်စ်၊ မာတစ်၊ ကွမ်းဆက်၊ ချမ်ဘာတို့ဖြစ်ပါလိမ့်မယ်။ ကိုစတက်ကို ပွဲထွက်မှာ ထုတ်သုံးပြီး ချမ်ဘာကို လူစားဝင်စေတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

လူတန်တောင်းပွဲမှာ အဝါကဒ် ထိခဲ့တာမို့ မက်ကယ်လစ္စတာဟာ ၁ ပွဲပယ် ပြစ်ဒဏ် ကျခံရမယ့် အဝါကဒ် အရေအတွက် ပြည့်ခဲ့ပါပြီ။ သူဟာ ဘရန့်ဖိုဒ့်ပွဲမှာ ပါဝင်ခွင့်ရမှာ မဟုတ်ဘဲ ဒီပွဲမှာ ရှေ့ပိုတက်ကာ ဘယ်ခြမ်း ကွင်းလယ်လူ နေရာက ပွဲထွက်ကနေ ပါဝင်ကစားမှာ ဖြစ်ပါတယ်။

အန်ဒိုနဲ့ ဟာဗေးတို့က အခြားသော ကွင်းလယ်လူတွေအဖြစ် ပွဲထွက်ခွင့်ရပါမယ်။

တိုက်စစ်ကတော့ ဒဏ်ရာက သက်သာလာတဲ့ ဂက်ပိုနဲ့ ပွဲကစားချိန် လိုနေတဲ့ ဒီယက်ဇ်တို့ကို ထုတ်သုံးနိုင်ပြီး ညာခြမ်းမှာ ဗန်ဒုတ်ကို အသုံးပြုမယ် တွက်ဆရပါတယ်။