

လီဗာပူးအသင်းဟာ တူးလုစ့်ကို အဝေးကွင်းမှာ ၃-၂ ဖြင့် အရေးနိမ့်ခဲ့တာကြောင့် အုပ်စုတွင်းမှာ ဒုတိယနေရာက တူးလုစ့် ၂ မှတ်အသာဖြင့်ပဲ ဦးဆောင်ထားနိုင်ပြီး တတိယနေရာက ယူနီယံစိန့်နဲ့ ၅ မှတ် ကွာဟနေပါတယ်။
တတိယ ခြေပဂိုးဖြစ်မယ့် ကွမ်းဆက်ရဲ့ သွင်းဂိုးဟာ ဂိုးပေးရမှာဖြစ်ပြီး မက်ကယ်လစ္စတာရဲ့ လက်ထိမှုဟာ ချက်ကနေ တစ်ဆင့် စင်ထွက်သွားတာမို့ ယူအီးအက်ဖ်အေ စည်းမျဉ်းအရ ထည့်သွင်းစဉ်းစားရမယ့် ကိစ္စ မဟုတ်ပါဘူး။
နည်းပြကလော့ပ်က ယူရိုပါလိဂ် အဝေးကွင်းပွဲမှာ အသင်းရဲ့ စွမ်းဆောင်ရည်ကို သဘောမကျဖြစ်နေပြီး ထိုက်ထိုက်တန်တန် ရှုံးသွားတာလို့ မှတ်ချက်ပေးပါတယ်။
ဘယ်အစွန်လူ ကိုစတက်ဟာ ဘောလုံးပိုင်ဆိုင်မှုတွေမှာ အတော်လေး အထနှေးပြီး တုးလုစ့်ပွဲမှာလည်း သူ့ရဲ့ နှေးကွေးမှုကြောင့် ဂိုးပေးခဲ့ရပါတယ်။
၂၀၂၃ ထဲမှာ လီဗာပူးအသင်းဟာ ဝုဗ်၊ ဘုန်းမောက်၊ ဆောက်သမ်တန်၊ ပဲလေစ့်၊ ဘရန့်ဖိုဒ့်၊ ဘရိုက်တန်၊ လူတန်၊ တူးလုစ့်တို့ကို အဝေးကွင်းတွေမှာ သွားရောက် ယှဉ်ပြိုင်ပြီး နိုင်ပွဲမရထားပါဘူး။ အဝေးကွင်း နိုင်ပွဲနည်းခြင်းဟာ ပြဿနာ တစ်ရပ် ဖြစ်လာနေပါတယ်။
ဘရာဇီး ကွင်းလယ်လူ အန်ဒရေးကတော့ ပရီးမီးယားလိဂ်ထံ ပြောင်းလာရင် လီဗာပူးအတွက် ကစားပေးဖို့ ဦးစားပေးလိုပါတယ်။ သို့ပေမယ့် သူက ဖလူမီးနက်စ်ရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နားသွားမယ်လို့ သိရပါတယ်။
ဒီအပတ် ဘရန့်ဖိုဒ့်ပွဲပြီးရင် နိုင်ငံတကာ သီတင်းပတ် ဝင်ရောက်လာတော့မှာပါ။ အဲ့နောက်မှာတော့ မန်စီးတီး၊ ဖူလ်ဟမ်၊ ရှက်ဖီး၊ ပဲလေစ့်၊ မန်ယူနိုက်တက်တို့နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ယှဉ်ပြိုင်ရပါမယ်။
ဆာဒီယို မာနေးနဲ့ မိုဆာလာတို့ဟာ ဘန်လေပွဲအတွင်း ကွင်းထဲမှာ စကားများခဲ့ကြပြီး ဒါဟာ ပထမဆုံးနဲ့ နောက်ဆုံးပဲဖြစ်တယ်လို့ ဖာမင်နိုက ပြောပါတယ်။
တကယ်တမ်းမှာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီထဲက ဖြစ်နေတဲ့ အကျိတ်အခဲက ကွင်းထဲမှာ ပေါက်ကွဲကြတာဖြစ်ပြီး နောက်ပိုင်းမှာ သူတို့နှစ်ဦးကြား အဆက်အဆံ မပြတ်သလို ပရော်ဖက်ရှင်နယ် ပီပီသသပဲ ပြုမှုကြတယ်လို့ ဖာမင်နိုက ဖော်ထုတ်သွားပါတယ်။
ဒီယက်ဇ်ရဲ့ ဖခင်ဟာ ပြန်ပေးဆွဲခံထားရရာကနေ အန္တရာယ်ကင်းကင်းဖြင့် ပြန်ပြီး လွှတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။