သန်း ၄၀ တန် ကြယ်ပွင့်ကို ချိန်ရွယ်ခြင်း၊ ထွက်ဖွယ် မရှိတဲ့ ဆာလာ၊ ထရန့်ရဲ့ ကွင်းလယ် နေရာနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

အန်ဖီးကွင်းရဲ့ အထက်ဘက်ခြမ်း ပွဲကြည့်စင်မှာ ခုံအားလုံး တပ်ဆင်ခဲ့ပြီးဖြစ်ကာ နှစ်သစ်ကူး မတိုင်ခင် ကွင်းဟာ လုံခြုံစိတ်ချရမှုရှိပါကြောင်း မြို့ကောင်စီကို အစမ်းကွင်းဖွင့်မှု ပြုလုပ်ပြနိုင်ရင် ကွင်းပြည့် ပရိသတ် လက်ခံနိုင်တော့မှာပါ။

တူးလုစ့်ကို အရေးနိမ့်တဲ့ပွဲမှာ ကွမ်းဆက်ရဲ့ ခြေပဂိုးကို ခွင့်မပြုခဲ့တဲ့ ပွဲနေ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အား အံ့အားသင့်မိကြောင်း မက်ကယ်လစ္စတာက ထုတ်ပြောသွားပါတယ်။

ဖာမင်နိုကတော့ သူ့ရဲ့ လီဗာပူး ကစားသမားဘဝမှာ ဆာလာဖြစ်ဖြစ် မာနေးဖြစ်ဖြစ် တစ်ဦးဦးကို ဘက်လိုက်ခဲ့ခြင်း မရှိဘဲ နှစ်ဦးကြားမှာပဲ အမြဲတမ်း ဟန်ချက်ညီညီ နေခဲ့တယ်လို့ ထုတ်ပြောသွားပါတယ်။

ထရန့်ကို ကွင်းလယ်ထံ ပို့ရတာက အသင်းကို ကမ္ဘာ့အကောင်းဆုံး ညာအစွန်လူ တစ်ဦးအား ဆုံးရှုံးသွားစေတယ်လို့ ကလော့ပ်က ထုတ်ပြောလာပြီး ဖြစ်နိုင်သလောက်တော့ ကွင်းလယ်မှာ ကစားခွင့် ပေးထားပါတယ်လို့ မှတ်ချက်ပေးလာပါတယ်။

ဥရောပရဲ့ အမြင့်ဆုံး အဆင့်မှာ ကစားနိုင်နေဆဲ ဆာလာက လီဗာပူးကနေ ထွက်ခွာမယ့် အရိပ်အယောင် မရှိပါဘူးလို့ သတင်းထောက် David Ornstein က ဆိုပါတယ်။

ဒီယက်ဇ်ရဲ့ ဖခင်ကတော့ ဘုရားသခင် ပေးလာတဲ့ ဒုတိယ အခွင့်အရေးအတွက် အရမ်းကို ကျေးဇူးတင်မိပါကြောင်းနဲ့ ပြန်ပေးဆွဲခံထားရစဉ် သူဟာ ၆ ရက်လောက်ကို လမ်းလျှောက်ခဲ့ရပြီး အရမ်းကို ကြောက်ရွံ့ခဲ့ရတယ်လို့ ဖွင့်ဟသွားပါတယ်။

လီဗာပူးအသင်းက အန်ဒရေးကို စိတ်ဝင်စားခဲ့ပေမယ့် ဇန်နဝါရီမှာ ကမ်းလှမ်းမှု ပေးမယ့် အခြေအနေမျိုး မမြင်ရသေးကြောင်းလည်း သူက ပြောပါတယ်။

လီဗာပူးအသင်းဟာ ချန်ပီယံရှစ်မှာ ခြေစွာနေတဲ့ အသက် ၁၇ နှစ်အရွယ် လိစ်ဒ်ယူနိုက်တက် ညာအစွန်လူ Archie Gray ကို စောင့်ကြည့်နေပါတယ်။ ကွင်းလယ်ခံစစ်လည်း ကစားတဲ့ ကစားသမားလေးကို ပေါင် သန်း ၄၀ လောက် ပေးရဖွယ် ရှိပါတယ်။

လီဗာပူးအသင်းဟာ ဘရာဇီးကလပ် ဆော်ပေါ်လိုအသင်းမှာ ဂျိုကာလို့ နာမည်ရနေတဲ့ အသက် ၁၉ နှစ်အရွယ် ခံစစ်မှူးကို စိတ်ဝင်စားစွာ ကင်းထောက်နေပါတယ်။

ကွမ်းဆက်၊ ဟာဗေးနဲ့ မော်တန်တို့ဟာ အင်္ဂလန် ယူ-၂၁ အသင်းအတွက် ခေါ်ယူခြင်း ခံခဲ့ရပါတယ်။

လူငယ် ဘယ်အစွန်လူတွေဖြစ်တဲ့ ချမ်ဘာနဲ့ စကန်လွန်တို့ကလည်း အင်္ဂလန် ယူ-၁၉ နဲ့ ယူ-၁၈ အသင်းတွေအတွက် ခေါ်ယူခြင်း ခံခဲ့ရပါတယ်။