တနင်္ဂနွေနေ့ည Liverpool v Brentford ပွဲအတွက် ဘီဘီစီမှ ခရစ်ဆက်တန်ရဲ့ ရလဒ်ခန့်မှန်း

အဝေးကွင်း ၂ ပွဲဆက် ရလဒ်မကောင်းဖြစ်ထားတဲ့ လီဗာပူးအသင်းဟာ တနင်္ဂနွေနေ့ ည ၈ နာရီခွဲမှာတော့ ဘရန့်ဖိုဒ့်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။

အမှတ်ပေးဇယား ထိပ်ဆုံး အသင်းနဲ့ ရမှတ်သိပ်မကွာသေးသလို နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် နောက်ဆုံးပွဲစဉ်ဖြစ်ပါတယ်။ ဒီပွဲမှာ အနိုင်သေချာဖို့ လိုအပ်ပါတယ်။

လီဗာပူးနဲ့ ဘရန့်ဖိုဒ့် ပွဲစဉ်အတွက် ဘီဘီစီမှ ဘောလုံးပွဲ ခန့်မှန်းသူ ခရစ် ဆက်တန်က အခုလို ပွဲကြို ရလဒ် ခန့်မှန်းသွားပါတယ်။

ခရစ်ဆက်တန်ကတော့ ” ဒီပွဲက ခန့်မှန်းဖို့ရာ သိပ်တော့ မလွယ်ပါဘူး။ ပြီးခဲ့တဲ့ အပတ်တုန်းက လူတန်နဲ့ ပွဲ အတွက် လီဗာပူး အနိုင်၇မယ်လို့ ကျွန်တော် ခန့်မှန်းတာ မှားခဲ့တယ်။ ဒါပေမယ့် ဘရန့်ဖို့ဒ် အရင် ပုံစံ ပြန် ဖြစ်လာတာက ဒီပွဲ အိမ်ရှင်တွေပဲ သေချာပေါက် နိုင်သွားမယ်လို့ အဓိက တွေးမိတဲ့ အကြောင်းအရင်း ဖြစ်နေတယ်။

တချက် တစ်ချက် ထ တောက်ပပြီးတဲ့နောက် ဘရန့်ဖို့ဒ် က ကျွန်တော်တို့ သိထားတဲ့ ခေါင်းမာမာ အသင်း တစ်သင်း ပြန်ဖြစ်သွားပါပြီ။ သူတို့က ခြိမ်းခြောက်နိုင်စွမ်းလည်း ရှိပါတယ်။

ဒါပေမယ့် လီဗာပူးအသင်း အနေနဲ့ မန်ချက်စတာ စီးတီးနဲ့ အပြိုင် ဖလားလုပွဲမှာ ထဲမှာ ဆက် ပါချင်နေတယ် ဆိုရင် ဒီပွဲကို နိုင်မှ ဖြစ်မှာပါ။ စီးတီး တစ်သင်းတည်းနဲ့ပဲ ထပ်ပြီး ချန်ပီယံ ဖြစ်သွားတာ ကျွန်တော်တော့ မမြင်ချင်ဘူး။ လီဗာပူး အသင်းရဲ့ အိမ်ကွင်း ပုံစံကလည်း အခုထိတော့ သိပ် တောင့်တင်းနေတယ်။ ” လို့ သုံးသပ်ခဲ့ပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ လီဗာပူး 3-1 ဘရန့်ဖို့ဒ်