မာကာ မပါနိုင်သလို ကိုစတက် အရန်ခုံထိုင်ရမယ့် ဘရန့်ဖိုဒ့်ပွဲအတွက် ပွဲထွက် လူစာရင်း ခန့်မှန်းခြင်း

မနက်ဖြန်ည ၈ နာရီခွဲ အန်ဖီးကွင်းမှာ လီဗာပူးအသင်းဟာ ဘရန့်ဖိုဒ့်ကို ဧည့်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ရလဒ်တွေ မတည်ငြိမ်ပေမယ့် ဒီရာသီ အိမ်ကွင်း ရာနှုန်းပြည့် နိုင်ပွဲရနေတာပါ။ အသင်းရဲ့ အဝေးကွင်း ရလဒ်တွေက ဆိုးရွားနေတာမို့ ပရီးမီးယားလိဂ်မှာ လက်ရှိ အဆင့်ကောင်းကို ဆက်ထိန်းဖို့ကတော့ အိမ်ကွင်းကို အားကိုးရမှာဖြစ်ပါတယ်။

Team news

  • ဂရာဗင်ဘက်ချ် ဒူးဒဏ်ရာ ရထားပြီး ဒီပွဲ ပါဝင်ကစားဖို့ အခွင့်အရေးတော့ ရှိနေဆဲပါ။
  • ကာတစ်ဂျုံးကတော့ တံကောက်ကြော ဒဏ်ရာကြောင့် မပါနိုင်ပါဘူး။
  • မာကာ ၅ ဝါပြည့်ခဲ့လို့ ဒီပွဲကို လွဲချော်သွားပါမယ်။
  • ဗန်ဒိုက် အဖျားကနေ ပြန်သက်သာလာရင် ဒီပွဲ ပါနိုင်ပါမယ်။

Liverpool’s XI vs. Brentford

ဒီပွဲမှာ အသင်းရဲ့ ခံစစ်ကြောင်း တစ်ခုလုံးဟာ တူးလုစ့်ပွဲကနေ မတူညီဘဲ အပြောင်းအလဲ ရှိလာနိုင်ပါတယ်။ အယ်လီဆန် ဂိုးပေါက်ကို ပြန်ပြီး တာဝန်ယူကာ ထရန့်၊ ကိုနတေး၊ ဗန်ဒိုက်တို့ ခံစစ်မှာ ပါဝင်လာဖို့ ရှိပါတယ်။ ယူရိုပါလိဂ်မှာ ကိုစတက်ရဲ့ ဝေဖန်စရာ ခြေစွမ်းကြောင့် ဘယ်ခြမ်းကနေ ဂိုးမက်စ်ကိုပဲ ထုတ်သုံးလာမှာပါ။

ကွင်းလယ်ခံစစ်နေရာမှာတော့ ဆိုဘိုစလိုင်ကို ဆင်းကစားစေဖွယ် မရှိဘဲ အန်ဒိုကို ပွဲထုတ်မယ်လို့ ခန့်မှန်းရပါတယ်။ နံပါတ် ၈ နှစ်ဦး နေရာအတွက်တော့ ဟာဗေးနဲ့ ဆိုဘိုစလိုင်ကို သုံးမှာဖြစ်ပြီး အခြားသော ရွေးချယ်စရာအဖြစ် ဂက်ပို ရှိနေမှာပါ။

တိုက်စစ်မှာတော့ ဒါဝင် နူးညက်စ်ကို ပွဲထွက်ကနေ ချန်လှပ်ကာ ဒီယက်ဇ်၊ ဂျိုတာ၊ ဆာလာ အတွဲဖြစ်လာမယ်လို့ ခန့်မှန်းရပါတယ်။