

လီဗာပူးအသင်းဟာ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် နောက်ဆုံး ပရီးမီးယားလိဂ်ပွဲ အဖြစ် ဘရန့်ဖိုဒ့်ကို အိမ်ကွင်းမှာ ၃-၀ ဖြင့် အနိုင်ရကာ အမှတ်ပေးဇယား ဒုတိယနေရာကို တက်လှမ်းလာခဲ့ပါတယ်။
ကွင်းလယ်လူ အများစု ဒဏ်ရာနဲ့ ပွဲပယ်တွေရှိနေသလို ခံစစ်မှာလည်း ဂိုးမက်စ်၊ ကိုနတေးတို့ မပါဝင်နိုင်တာမို့ အရန်လူစာရင်း အားနည်းခဲ့ပေမယ့် ပွဲထွက် ကစားသမားတွေဧာ ဒီပွဲကို အနိုင်ယူဖို့ လုံလောက်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခဲ့ပါတယ်။
ဆာလာက သွင်းဂိုး ၂ ဂိုး၊ ဂျိုတာက သွင်းဂိုး ၁ ဂိုးတို့ ရခဲ့ပေမယ့် ဒီနေ့ပွဲမှာ လီဗာပူးပရိသတ်တွေရဲ့ အထင်ကြီးမှုကို ပိုင်ဆိုင်သွားသူ ၂ ဦး ရှိနေပါတယ်။
အသင်းခေါင်းဆောင် ဗန်ဒိုက်ဟာ ဒီနေ့ပွဲမှာ အမြင့်ဘောကော၊ တစ်ဦးချင်း ယှဉ်လုမှုတွေမှာပါ ထူးချွန်ခဲ့ကာ ဘောလုံးပေးမှု ၉၀% ထိ တိကျခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ဗန်ဒိုက်ရဲ့ အဝေးဘောတွေလည်း အတော်လေး ကောင်းခဲ့ပါတယ်။
လီဗာပူးပရိသတ်တွေကတော့ ဗန်ဒိုက်ကြောင့်ပဲ ခံစစ်က လွယ်လွယ်ကူကူ ဟန့်တားနိုင်မှုတွေ ရှိခဲ့ပြီး ဂိုးတွေ မပေးခဲ့ရတာလို့ အသိအမှတ်ပြုခဲ့ကြသလို ကြောက်စရာကောင်းအောင် လျင်မြန်ပြီး လေထဲမှာ ဘောလုံးကို စိုးမိုးယူထားတာများ သံလိုက်နဲ့ ကပ်ထားသလိုပဲလို့လည်း ချီးကျူးခဲ့ကြတယ်။
ဒီပွဲအတွက် တစ်ပတ်လုံးလုံး အားမွေးခွင့်ရထားတဲ့ ဗန်ဒိုက်ဟာ ပရီးမီးယားလိဂ် ထိပ်တန်း ခံစစ်မှူးဟာ ဒီလို ကစားတယ် ဆိုတာကို ဘောလုံး ဝေဖန်ရေး သမားတွေ အားလုံး ပြန်မြင်ယောင်လာစေကြောင်း မှတ်ချက်ပေးနေကြပါတယ်။
Darwin Nunez's goal was ruled out for offside 👀
Close one…#LIVBRE pic.twitter.com/7i6cpfMbOl
— Match of the Day (@BBCMOTD) November 12, 2023
လီဗာပူးပရိသတ်တွေ အထင်ကြီးခဲ့ကြတဲ့ နောက်ထပ် ကစားသမား တစ်ဦးကတော့ ဒါဝင် နူးညက်စ်ပဲ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ဒါဝင်နူးညက်စ်ဟာ တိုက်စစ်ကို ဦးဆောင်သူ နေရာက ကစားခဲ့ကာ အသင်းဖော်တွေအတွက် အတော်လေး ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ဒါဝင်က တိုက်စစ်မှာ ချိတ်ဆက်ကစားပေးခဲ့ပြီး နေရာလွတ်တွေအတွက် ပြေးထွက်ပေးတာတွေလည်း ကောင်းမွန်ခဲ့ပါတယ်။ တိကျတဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ မြင်ခဲ့ရပေမယ့် သွင်းဂိုးတွေက လူကျွံနေခဲ့တာ နှမြောစရာဖြစ်ပါတယ်။
ဒီပွဲမှာ များစွာသော လီဗာပူး ဂျာနယ်လစ်တွေက ဒါဝင်ကို (8/10) အထိ ပေးကြပြီး သူထက် ပိုပြီး အမှတ်ရသူဆိုလို့ ဗန်ဒိုက် (9/10) လောက်ပဲ ရှိတာဖြစ်ပါတယ်။