အနိုင်ဂိုးသွင်းနိုင်ခဲ့ရာမှာ ရော်ဘတ်ဆန်ရဲ့ ကျေးဇူးရှိတယ်လို့ ထုတ်ပြောလာတဲ့ ဂျိုတာ

စပါးကို ၄-၃ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ လီဗာပူးရဲ့ ၉၄ မိနစ် အနိုင်ဂိုးအတွက် အသင်းဖော် ရော်ဘတ်ဆန် ကူညီပေးခဲ့ကြောင်းကို အနိုင်ဂိုးရှင် ဂျိုတာက ထုတ်ပြောလာပါတယ်။

ရစ်ချာလီဆန်က စပါးအတွက် နောက်ဆုံးချေပဂိုးကို သွင်းယူပေးလိုက်ပြီးနောက် စက္ကန့်ပိုင်းအကြာမှာပဲ ဂျိုတာက အနိုင်ဂိုး သွင်းယူလိုက်ပြီး ပြဇာတ်ဆန်ဆန် ၄-၃ နဲ့ အနိုင်ရစေခဲ့တာ ဖြစ်ပါတယ်။ ဂျိုတာကတော့ အသင်းက အဝေးဘော ကစားတော့မှာမို့ တိုက်စစ်မှာပဲ နေရာယူထားဖို့ ဘေးကနေ အကြံပေးခဲ့တဲ့ ရိုဘိုကို ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

“ ရိုဘိုက ကျွန်တော့်ကို တိုက်စစ်ပိုင်းမှာ ဆက်နေဖို့ ပြောခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အဝေးဘောတွေက ကျနော်တို့ ပုံမှန်ကစားနေကျ ဖြစ်လို့ပါပဲ။ တိုက်စစ်မှာ ဆက်နေရယူ ကစားပြီး အခွင့်အရေး ရမှာကို ယုံကြည်နေဖို့ပါ။ အဝေးဘောတွေက ကောင်းတဲ့လက္ခဏာလို့ ခံစားရပါတယ်။

ကျွန်တော်တို့ တကယ်လုပ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ second ball ကို အရယူပြီး ကစားကွက် ပြန်တည်ဆောက်ခဲ့တယ်။ ပြိုင်ဘက်ခံစစ်နားမှာ နေရာယူခဲ့ပြီးတော့ ကျွန်တော်က သူတို့ရဲ့ ပေးပို့မှုတစ်ခုကို ကြားဖြတ်ယူနိုင်ခဲ့ပြီး အနိုင်ဂိုး သွင်းယူခဲ့တာပါ။ အဲ့ဖြစ်ရပ်က သိပ်ကောင်းခဲ့ပါတယ်။

ဂိုးသွင်းဖို့ကတော့ သိပ်ပြီး စဉ်းစားနေဖို့ မလိုခဲ့ပါဘူး။ ကျွန်တော် ဘောလုံးကို ကြားဖြတ်ယူနိုင်တယ်ဆိုပြီး ယုံကြည်လိုက်တဲ့ အခိုက်အတန့်က အဓိကကျခဲ့တယ် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အစွန်လူက ဘောလုံးကို နောက်ပြန်ပေးနေတာကို တွေ့နေရလို့ပါ။

ဘောလုံး လုယူနိုင်တော့ ကျွန်တော့်အတွက် အဓိက အခိုက်အတန့် ဖြစ်ခဲ့တယ်။ ‘ဘောလုံးကို ရအောင်သာယူပြီး တည့်တည့်ကန်လိုက်ရင်ရပြီ’ ပေါ့။ မျှော်လင့်ထားတဲ့အတိုင်းက အဆင်ပြေပြေနဲ့ ဂိုးဝင်သွားခဲ့တာပါ ” လို့ ဖြစ်ပါတယ်။

အခုချိန်မှာ လီဗာပူးဟာ စပါးကို ကျော်တက်သွာပြီး ၄ ပွဲဆက် နိုင်ပွဲနဲ့ အဆင့် ၅ နေရာကို တက်လှမ်းသွားတာဖြစ်ပါတယ်။