ကိုနတေး ၂ ပတ်နားရမည်၊ ဖလားအကြောင်း အမေးမခံတဲ့ ကလော့ပ်၊ နောက်ထပ် ပြိုင်ဘက်က မန်စီးတီးနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ အပြီးမှာ လီဗာပူးအသင်းဟာ ရမှတ် ၂၇ မှတ်ဖြင့် အမှတ်ပေးဇယား ဒုတိယနေရာမှာ ရှိနေပါတယ်။ အသင်းဟာ ရာသီဝက် မတိုင်ခင် မန်စီးတီး၊ ယူနိုက်တက်၊ အာဆင်နယ်တို့ဖြင့် ထိပ်တိုက် ယှဉ်ပြိုင်ရမယ့် ပွဲတွေ ကျန်ရှိနေပါသေးတယ်။

လီဗာပူး ၃-၀ ဘရန့်ဖိုဒ့် ပွဲအပြီးမှာ ပရိသတ်တွေပေးတဲ့ အကောင်းဆုံး ကစားသမားဆုကို ဆာလာက ရရှိခဲ့ပါတယ်။ သို့ပေမယ့် ဝေဖန်ရေးသမား အများအပြားကတော့ ဒီပွဲအတွက် အကောင်းဆုံး ကစားသမားအဖြစ် ဗန်ဒိုက်ကို ရွေးချယ်ခဲ့ကြပါတယ်။

ဘရန့်ဖိုဒ့်ပွဲ သွင်းဂိုးတွေဟာ ဆာလာအတွက် ၁၉၉ နဲ့ ၂၀၀ မြောက် ပရီးမီးယားလိဂ် သွင်းဂိုးတွေ ဖြစ်ပါတယ်။ သူဟာ လီဗာပူး ကစားသမားဘဝ သွင်းဂိုး ၁၉၈ ဂိုးဖြစ်ပြီး ချယ်ဆီးအသင်းနဲ့အတူ ၂ ဂိုး သွင်းယူခဲ့ပါတယ်။

ဒီရာသီမှာ လီဗာပူးခံစစ်ဟာ အာဆင်နယ်နည်းတူ ပေးဂိုး ၁၀ ဂိုးပဲ ရှိထားပြီး အမာကျောဆုံး ခံစစ်တန်းကို ပိုင်ဆိုင်ထားပါတယ်။

အမှတ်ပေးဖလား ပြိုင်ဆိုင်မှုအကြောင်း မေးခွန်းထုတ်စဉ်မှာ ကလော့ပ်ကတော့ အခုမှ နိုဝင်ဘာပဲ ရှိသေးတယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။

အန်ဒိုရဲ့ ဘောလုံး ဝင်လုမှုဟာ အနီကဒ်ဖြစ်သင့်တယ်လို့ ဘရန့်ဖိုဒ့်နည်းပြက မှတ်ချက်ပေးလိုက်ပြီး ဆာလာရဲ့ ဒုတိယဂိုးမတိုင်ခင် ကိုစတက် စည်းကျော်နေခဲ့ပြီးလား နည်းပညာဖြင့် စစ်ဆေးပေးသင့်တယ်လို့ ဖရန့် သောမက်စ်က ပြောပါတယ်။

ခံစစ်မှူး ကိုနတေးဟာ တံကောက်ကြော ဒဏ်ရာကြောက့် ၂ ပတ်ခန့် အနားယူရမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ သီတင်းပတ်အပြီး စနေနေ့ နေ့ခင်း ၁၂ နာရီခွဲမှာတော့ လီဗာပူးအသင်းဟာ အီသီဟက်ကွင်းထံ သွားပြီး အဝေးကွင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။