ဒီရာသီ လီဗာပူးအသင်း ဆုဖလား စိန်ခေါ်နိုင်ခြင်း ရှိ/ မရှိဟာ ခံစစ်အပေါ် မူတည်နေကြောင်း ဝေဖန်ရေးသမားတွေ များစွာက ထောက်ပြထားကြပြီ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ မနှစ်ကလို ပရမ်းပတာ မဖြစ်ခဲ့ရင် ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်နိုင်မှာ ဖြစ်ပေမယ့် ချန်ပီယံဖြစ်ရေးကတော့ ခံစစ်ပိုင်း ကျစ်လစ်လာဖို့ လိုအပ်ပါတယ်။ အထူးသဖြင့်ကတော့ ဗန်ဒိုက် သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းကို ပြန်ရဖို့ပဲ ဖြစ်ပါတယ်။
နယ်သာလန်သားဟာ ဒီရာသီမှာ အကောင်းဆုံး ပုံစံတွေကို ပြန်ရလာနေခဲ့ပြီး ဘရန့်ဖိုဒ့်ကို ၃-၀ ဖြင့် အနိုင်ရတဲ့ပွဲကတော့ သူ့ရဲ့ အကောင်းဆုံး ဦးဆောင်နိုင်စွမ်း၊ ပွဲဖတ်နိုင်စွမ်းနဲ့ ခံစစ်ကို ထိန်းကျောင်းနိုင်စွမ်းတွေကို မြင်ခဲ့ရတာ ဖြစ်ပါတယ်။
ဂန်းနားဟောင်း အီရန်ရိုက်က ” ကျနော်ကတော့ အားလုံးသိတဲ့ ဗန်ဒိုက်ကြီး ပြန်လာပြီလို့ ထင်ပါတယ်။ ဗန်ဒိုက် ဘယ်လောက်ကောင်းတဲ့ ကစားသမားလဲ ကျနော်တို့ အားလုံး သိကြပါတယ်။ ” ဆိုကာ ၂၀၁၉ မှာ မက်ဆီနဲ့အပြိုင် ဘလွန်းဒီအောဆု စိန်ခေါ်ခဲ့တဲ့ ဗန်ဒိုက်နဲ့ ပတ်သက်လို့ ထင်မြင်ချက် ပေးခဲ့တယ်။
BC Match of the Day သုံးသပ်သူ အလန်ရှီးယားကလည်း ” ဗန်ဒိုက်က ဘရန့်ဖိုဒ့်ကို ရင်ဆိုင်ကစားတဲ့ပွဲမှာ အတော်လေးကို ခြေစွမ်းကောင်းပါတယ်။ သူ့ရဲ့ အကောင်းဆုံး ပုံစံတွေ ပြန်ရလာပြီ ထင်ပါတယ်။ သူ့ရဲ့ ပွဲဖတ်နိုင်စွမ်းက သိပ်ကောင်းပါတယ်။
လီဗာပူးက တိုက်စစ်မှာတော့ ပူစရာ မရှိပါဘူး။ သူတို့ တိုက်စစ်က အချိန်မရွေး ဂိုးသွင်းနိုင်စွမ်း ရှိပြီးသားပါ ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
သူတို့လို ဘောလုံးသမ္ဘာရင့်တွေက ဗန်ဒိုက်ရဲ့ စွမ်းဆောင်ရည်ကို အကောင်းမြင်နေကြပြီး ဒီရာသီ လီဗာပူးအသင်း အောင်မြင်ရေးမှာ အဓိကျမယ့် ခံစစ်တံတိုင်းကြီး တစ်ကျော့ပြန် တောက်ပလာနိုင်ဖို့ မျှော်လင့်မိတာ ဖြစ်ပါတယ်။