အန်ဒီရော်ဘတ်ဆန်နဲ့ ကော်နာ ဘရတ်ဒလေတို့ဟာ အက်ဆာမှာ ပြန်လည် ထူထောင်ရေး လေ့ကျင့်မှုတွေ စတင်နေခဲ့ပြီ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဘရာဇီးကလပ် ကိုရင်သီရမ်အသင်း ၁၈ နှစ်သား ကွင်းလယ်လူ Gabriel Moscardo ကို ခေါ်ယူလိုတယ်ဆိုရင် အနည်းဆုံး ယူရို သန်း ၃၀ ဝန်းကျင်ဖြင့် ကမ်းလှမ်းရပါမယ်။ ၎င်းကို ချယ်ဆီးဘက်က ယူရို သန်း ၂၀ ဖြင့် ကမ်းလှမ်းဖူးပြီး ပယ်ချခံထားရတာပါ။
လာမယ့်ရာသီအတွက် လီဗာပူးရဲ့ အိမ်ကွင်း ဒီဇိုင်းတွေ ထွက်ပေါ်လာနေကာ ရွှေဝါရောင်း မျဉ်းတွေဖြင့် ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။
နိုင်ငံတကာ သီတင်းပတ်အပြီး လီဗာပူးပွဲအတွက် ကြိုတင် ပြင်ဆင်မှုအဖြစ် မန်စီးတီး အသင်းသားတွေဖြစ်တဲ့ အီဒါဆန်၊ အကီ၊ ကိုဗာဆစ်နဲ့ နူးနက်စ်တို့ လက်ရွေးစင် လူစာရင်းကနေ နှုတ်ထွက်ထားပါတယ်။
အမ်ဘတ်ပီကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်အပြင် လီဗာပူးနဲ့ ဘိုင်ယန်မြူးနစ်တို့ စိတ်ဝင်စားနေတယ်လို့ ဥရောပ သတင်းဌာနတွေက ဆိုပါတယ်။
ဒီရာသီ လီဗာပူးအတွက် ပွဲမိနစ် အများဆုံး ကစားထားသူ ၃ ဦးကတော့ ဆိုဘိုစလိုင်၊ ဆာလာနဲ့ အယ်လီဆန်တို့ ဖြစ်ပါတယ်။
အန်ဒရေးကို ခေါ်ယူရေး စပါးနဲ့ မန်ယူနိုက်တက်တို့လည်း ပါဝင်လာဖွယ် ရှိနေပါပြီ။ လီဗာပူးအသင်းဟာ အန်ဒရေးအပေါ် စိတ်ဝင်စားမှု လျော့ကျသွားကာ အခြားသော ပစ်မှတ်တွေထံ ပြောင်းလဲ ချိန်ရွယ်နေပြီလို့ အသံထွက်နေတာပါ။
မန်စီးတီး ကစားသမားဟောင်း မီဂါရစ်ချက်က လီဗာပူးနဲ့ အာဆင်နယ် နှစ်သင်းထဲက တစ်သင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မယ်ဆိုရင် ဘယ်အသင်းကို ထင်မြင်မိလဲ မေးခံရချိန်မှာ ဆာလာရှိနေတဲ့ လီဗာပူးပေါ့လို့ ပြန်ဖြေခဲ့ပါတယ်။
အင်္ဂလန် ယူ-၂၁ နည်းပြကတော့ လီဗာပူး ခံစစ်မှူး ကွမ်းဆက်ကို နေရာပေးမယ့် သဘောထားတွေကို ပြသသွားပါတယ်။ ကွမ်းဆက်ဟာ ယူ-၂၁ အဆင့်မှာ ၁ ကြိမ်ပဲ ကစားရသေးတာပါ။