

လီဗာပူးမြို့ အခြေစိုက် ဘောလုံးကလပ် တစ်သင်းဖြစ်တဲ့ အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေကို ချိုးဖောက်ခြင်းအတွက် ၁၀ မှတ်လျော့ ပြစ်ဒဏ် ကျခံရပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အဲဗာတန်အသင်း ကျူးလွန်ခဲ့တဲ့ ဘဏ္ဍာရေး ဖောက်ဖျက်မှုတွေအတွက် အမှတ်လျော့ ပြစ်ဒဏ်ကို ဒီရာသီမှာ ချက်ခြင်း ကျခံရမယ်လို့ အတည်ပြုလိုက်တာပါ။
အဆင့် ၁၄ မှာ ရမှတ် ၁၄ မှတ်ဖြင့် ရှိနေတဲ့ အဲဗာတန်ဟာ အဆိုပါ အပြစ်ပေးခံရမှုကြောင့် ရမှတ် ၄ မှတ်ဖြင့် အဆင့် ၁၉ နေရာထိ ကျဆင်းသွားပြီ ဖြစ်ပါတယ်။ မြို့ခံပြိုင်ဘက် အရေးယူခံရခြင်းနဲ့အတူ လီဗာပူးပရိသတ်တွေက အခြားဘက်ကိုလည်း စောင့်ကြည့်လာနေပါတယ်။
Everton drop from 14th to 19th in the Premier League table.
Before they were eight points clear of safety — now they are two points behind 17th-placed Luton Town and only above Burnley on goal difference. #EFC | #PL pic.twitter.com/3S0mO4koCo
— The Athletic | Football (@TheAthleticFC) November 17, 2023
မန်ချက်စတာကလပ် မန်စီးတီးဟာလည်း ဘဏ္ဍာရေး ချိုးဖောက်မှု အကြိမ် ၁၀၀ ကျော် လုပ်ဆောင်ခဲ့တယ်လို့ ပရီးမီးယားလိဂ်ဘက်က စွဲချက် တင်ထားပြီး ဖြစ်ပါတယ်။ ၎င်းတို့အတွက် ဘယ်လို အပြစ်ပေးမလဲ ဆိုတာကို ပရီးမီးယားလိဂ်ဘက်က အတည်ပြုခြင်း မရှိသေးပါဘူး။
မန်စီးတီးဟာ ၂၀၀၉-၂၀၁၀ ကစလို့ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီအထိ ၉ ရာသီစာအတွက် စည်းမျဉ်းပိုင်းဆိုင်ရာ ချိုးဖောက်ကြောင်း ပရီးမီးယားလိဂ်ရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ထားပါတယ်။ ဒီကိစ္စတွေကို အဲဗာတန်ဖြစ်ရပ်ကို ဆုံးဖြတ်ခဲ့တဲ့ လွတ်လပ်သော ကော်မရှင်အဖွဲ့ကပဲ ကိုင်တွယ်နေတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်း အပြစ်ရှိကြောင်း ထင်ရှားမယ်ဆိုရင် ရမှတ် လျော့ခြင်း ပြစ်ဒဏ်မှသည် ပြိုင်ပွဲက ထုတ်ပယ်ခြင်းတွေထိ ပြင်းထန်တဲ့ အရေးယူခြင်းတွေ ရင်ဆိုင်ရနိုင်ပါတယ်။
လက်ရှိ ပရီးမီးယားလိဂ်မှာ မန်စီးတီး၊ လီဗာပူး၊ အာဆင်နယ်တို့ အစဉ်လိုက် ရပ်တည်နေခြင်းနဲ့အတူ ဘာသတင်းထူးများ ထွက်လာဦးမလဲဆိုတာ စောင့်နားထောင်ရဖို့ ဖြစ်လာနေခဲ့ပါပြီ။