နော်ဝေလူစာရင်းကနေ နှုတ်ထွက်တဲ့ ဟာလန်း၊ ဘယ်ခြမ်းကို ကင်းထောက်နေခြင်း၊ စျေးစုံစမ်းခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

တိုက်စစ်မှူး ဂက်ပိုက သူ လီဗာပူးကို ရောက်လာခဲ့ချိန် နည်းပြကလော့ပ်ရဲ့ စိန်ခေါ်မှုကတော့ ဖာမင်နို အသင်းအတွက် ကစားပေးသလို ကစားပေးဖို့ ဖြစ်တယ်လို့ ပြောပြပါတယ်။

ဟာလန်းဟာ ယူရိုပြိုင်ပွဲဝင် နော်ဝေအသင်းရဲ့ နောက်ဆုံးပွဲစဉ်ကို ပါဝင်ကစားမှာ မဟုတ်ဘဲ လီဗာပူးပွဲမှာ ပြန်လည် ပါဝင်နိုင်ရေးပဲ အာရုံစိုက်သွားတော့မှာပါ။

လီဗာပူးက မန်ချက်စတာ ယူနိုက်တက်ကို ၇-၀ ဖြင့် အနိုင်ရတဲ့ပွဲစဉ်အား ဥရောပရဲ့ တစ်နှစ်တာ အကောင်းဆုံးပွဲအဖြစ် မဲပေးခဲ့ကြပါတယ်။

ဗဟိုခံစစ်မှူး ကွမ်းဆက်ကတော့ နည်းပြက အလိုရှိမယ်ဆိုရင် ညာအစွန်လူနေရာ ပြောင်းကစားဖို့ အဆင်သင့်ရှိနေကြောင်း ဖော်ထုတ်လာပါတယ်။

ခရစ္စမတ်မှာ ဒီယက်ဇ်နဲ့ သူ့ရဲ့ မိသားစုဝင်တွေကို ပေါင်းစုံပေးဖို့ ကစားသမားရဲ့ မိဘတွေအား အန်ဖီးထံ လီဗာပူးအသင်း ဖိတ်ခေါ်ထားပါတယ်။

ကိုနတေး၊ ဂိုးမက်စ်နဲ့ ဂရာဗင်ဘက်ချ်တို့ဟာ မန်စီးတီးပွဲမှာ ပါဝင်နိုင်ဖို့ အချိန်မီ သက်သာလာမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ ကင်းထောက်တွေဟာ ဘယ်ခြမ်း ဗဟိုခံစစ်မှူး၊ ဘယ်ခြမ်း အစွန်လူတွေကို အဓိက စောင့်ကြည့်နေတာကြောင့် ၂၀၂၄ မှာ အသင်းဟာ ဘယ်ခြမ်းခံစစ်ကို အားဖြည့်မယ်လို့ ယူဆရပါတယ်။

အင်္ဂလန် ယူ-၂၁ အသင်းက ဆားဘီးယားအသင်းကို ၃-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဟာဗေးက ကွင်းလယ် ဧရိယာထိပ်ကနေ အပြင်းကန်ချက်ဖြင့် သွင်းဂိုး ရယူခဲ့ပါတယ်။ အဆိုပါပွဲမှာ ကွမ်းဆက်နဲ့ မော်တန်တို့ကလည်း လူစားဝင်တွေဖြင့် ပါဝင်ခွင့် ရခဲ့ကြပါတယ်။

လီဗာပူးအသင်းဟာ အန်ဒရေးအပေါ် စိတ်ဝင်စားမှု လျော့ကျသွားပေမယ့်လို့ ပြောင်းရွှေ့ကြေးပိုင်း စုံစမ်းမှု ရှိနေဆဲဖြစ်ပါတယ်။ လီဗာပူးအသင်းဘက်က ပေါင် သန်း ၃၀ ဝန်းကျင် ပေးမယ်ဆိုရင် ဘရာဇီးသားကို ခေါ်ယူနိုင်ဖို့ အခွင့်အရေး ရှိနေပါသေးတယ်။

ဆော်ဒီဘက်က စိတ်ဝင်စားမှု ပြန်လည် ပြသနေပေမယ့် လီဗာပူးက ဆာလာကို သေချာပေါက် ဆက်ထိန်းသွားမှာပါလို့ ရိုမန်နိုက ဆိုပါတယ်။

လီဗာပူး ယူ-၁၆ အသင်းဟာ အာဆင်နယ် ယူ-၁၆ အသင်းကို ၁၄ ဂိုး ၃ ဂိုးဖြင့် ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။