ဆိုဘိုစလိုင်ဟာ ဒီအပတ် နိုင်ငံတကာ သီတင်းပတ်အတွင်း ၂၀၂၄ ယူရို ခြေစစ်ပွဲ အုပ်စု G နောက်ဆုံးပွဲမှာ ဟန်ဂေရီကို နိုင်ပွဲရစေခဲ့ပြီ အုပ်စုဗိုလ်အဖြစ် ခြေစစ်ပွဲ အောင်မြင်စေခဲ့ပါတယ်။
ပထမပိုင်းမှာ ၁-၀ ဖြင့် အရေးနိမ့်နေပေမယ့် ဒုတိယပိုင်းမှာတော့ ၂ မိနစ်အတွင်း ဆိုဘိုစလိုင်က သွင်းဂိုး ၂ ဂိုး ရယူကာ ဟန်ဂေရီအသင်း နိုင်ပွဲရရေး ဦးဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံအဆင့် ဟီးရိုးအဖြစ် ချစ်ခင်ခြင်း ခံရတဲ့ ဆိုဘိုစလိုင်ဟာ အဆိုပါပွဲမှာ အထူး ခြေစွမ်းပြခဲ့ပါတယ်။
နွေမှာ လီဗာပူးကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ ဖြင့် ရောက်လာခဲ့ကတည်းက လူအများ စောင့်ကြည့်ခြင်း ခံခဲ့ရတဲ့ ဆိုဘိုစလိုင်ဟာ ဟန်ဂေရီအသင်းရဲ့ အရေးအကြီးဆုံး ကစားသမား ဖြစ်ပါတယ်။ ဟန်ဂေရီအသင်းဟာ ဆိုဘိုစလိုင်ကို တည်ပြီး ကစားကွက် တည်ဆောက်ထားတာပါ။
There is no national team in Europe that plays football like Hungary at the moment.
The diversity of Marco Rossi's Third Player concept brings back the traditional Hungarian football style.
Hungary is organized around Szoboszlai.pic.twitter.com/3AABk4n8gW— Fs Laputa (@Fs_Laputa) November 19, 2023
ညာခြမ်းကနေ တစ်ကိုယ်တော် အရည်အချင်းဖြင့် ထိုးဖောက် ခြေပဂိုး ရယူခဲ့သလို ဘယ်ခြမ်းကနေ အသင်းဖော်နဲ့ တွဲဘက်ကာ ဦးဆောင်ဂိုးကို ရယူခဲ့တဲ့ ဆိုဘိုဟာ ပွဲအပြီးမှာ ဟန်ဂေရီ ဘရန်ဒီကို သောက်ရင်း ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူဟာ ဟန်ဂေရီမှာ နေရာစုံက ကစားနေသူဖြစ်ကာ ၂၀၂၄ ယူရို ပြိုင်ပွဲမှာ စောင့်ကြည့်ရမယ့် ကစားသမား စာရင်းထဲ ပါဝင်နေခဲ့ပါပြီ။
ဒီအပတ် စနေနေ့ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲအတွက် လီဗာပူးကို ပြန်လာဖို့ ပြင်ဆင်နေမယ့် ဆိုဘိုစလိုင်ဟာ နည်းပြကလော့ပ်ရဲ့ အားကိုးရာ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။
ကွင်းလယ် မောင်းနှင်ရေးမှာ ဆိုဘိုစလိုင်ရဲ့ လုပ်အားနဲ့ အမြင်တွေဟာ ကလပ်ကို အများကြီး အကျိုးဖြစ်နေစေတာမို့ မန်စီးတီးပွဲအတွင်း သူ အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ဖို့ မျှော်လင့်နေရတာ ဖြစ်ပါတယ်။