

လီဗာပူးအသင်းဟာ ၂၀၂၄ ခုနှစ်အတွင်းမှာ စိန်ခေါ်မှုကြီး အချို့ကို ရင်ဆိုင်ရမှာဖြစ်ပြီး သွေးသစ်လောင်မှု အနည်းငယ် ပြုလုပ်ဖို့ အပြင် အဓိက ကစားသမား အချို့ကို သက်တမ်းတိုးရေး အာရုံစိုက်ရဖို့ ရှိနေပါတယ်။
ဂိုးသမား အတ်ဒရီယန်၊ ခံစစ်သမားတွေဖြစ်တဲ့ မာတစ်၊ ကော်နာ ဘရတ်ဒလေ၊ ကွင်းလယ်လူ သီယေဂိုတို့ဟာ ၂၀၂၄ နွေမှာ စာချုပ်ကုန်ကြမှာပါ။ လီဗာပူးအသင်းဘက်က သူတို့ တစ်ဦးမှကို စာချုပ်သစ်ပေးဖွယ် မရှိဘဲ အလွတ်ဖြင့် ထွက်ခွင့်ပေးဖွယ် ရှိပါတယ်။
သီယေဂိုဟာ ကမ္ဘာ့အဆင့် ကစားသမားဖြစ်ပေမယ့် ကြံ့ခိုင်မှုကတော့ စိတ်ပျက်စရာ ကောင်းလှပါတယ်။ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ သူ အကောင်းဆုံး ပါဝင်ပေးနိုင်မှုနဲ့အတူ ဖလား ၄ လုံး စိန်ခေါ်မှုအတွင်း လီဗာပူး အနေအထားကောင်း ရောက်ခဲ့တာကတော့ အမှတ်ရစရာ ဖြစ်ပါတယ်။
ဒါပေမယ့်လို့ သူ့လို ကမ္ဘာ့အဆင့် ကစားသမားအတွက် တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းဝန်းကျင် ပေးနေရပြီး အပတ်တိုင်း ထည့်သုံးဖို့ မသေချာတာထက် စာရင် လက်လွတ်ခံလိုက်တာကမှ ပိုကောင်းတဲ့ ရွေးချယ်မှုဖြစ်လိမ့်မယ်လို့ မှတ်ချက်ပေးခံထားရပါတယ်။
၂၀၂၅ အတွင်း စာချုပ်ကုန်မယ့် ကစားသမားတွေထဲမှာတော့ ဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့လို အဓိက ကစားသမားတွေ ပါဝင်နေတာပါ။ ဒီရာသီစကတည်းက လီဗာပူးအသင်းဟာ ထရန့်ကို သက်တမ်းတိုးဖို့ကို ဦးစားပေးအဖြစ် ဆုံးဖြတ်ထားပေမယ့် သတင်းကောင်း မကြားရသေးပါဘူး။
ဗန်ဒိုက်ရဲ့ စာချုပ်သစ် စတင် ဆွေးနွေးသွားတော့မယ်လို့ သတင်းထွက်နေပြီး အသက် ၃၂ နှစ်အရွယ် ခံစစ်မှူးကို ၅ နှစ် သက်တမ်းတိုးမယ်လို့ ယူဆမှုတွေ ရှိနေပါတယ်။
ဆာလာရဲ့ စာချုပ်ကိစ္စတော့ ရှုပ်ထွေးလှကာ ၂၀၂၄ နွေမှာ ဆော်ဒီဘက်က သူ့ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းလာခဲ့ရင် လီဗာပူးဘက်က ဘယ်လို ဆုံးဖြတ်မလဲ မသိနိုင်သေးတာဖြစ်ပါတယ်။