

အောက်တိုဘာလအတွက် PFA Fans’ Player of the Month ဆုကို မိုဆာလာကပဲ ရရှိသွားပါတယ်။ ဆာလာဟာ နှစ်လဆက်တိုက် ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆုကို ရသွားတာပါ။
လီဗာပူးအသင်းဟာ မနှစ်ကရာသီ ကျဆင်းမှုတွေကြောင့် D အဆင့်ထိ ရောက်ခဲ့ပေမယ့် ဒီရာသီမှာတော့ A အဆင့်ထံ ပြန်တက်လာခဲ့ပြီဖြစ်ကြောင်း ဒေးလီးမေလ်းက သုံးသပ်ပါတယ်။
ကွင်းလယ်လူ အန်ဒရေးဟာ မကြာခင် သီတင်းပတ်မှာပဲ ဖူလ်ဟမ်အသင်းထံ ပေါင် ၂၇ သန်းဖြင့် ကူးပြောင်းဖို့ကို သဘောတူညီသွားတော့မှာ ဖြစ်ပါတယ်။
ရော်ဘတ်ဆန်ရဲ့ ဒဏ်ရာကနေ တိုးတက်လာမှုဟာ အခြေအနေကောင်းမွန်နေပြီး အစောဆုံး ဇန်နဝါရီကစလို့ ဘောလုံး ပြန်ကစားနိုင်ပါလိမ့်မယ်။
လိုင်ယွန်နယ် မက်ဆီကတော့ ဥရုဂွေးဟာ ဘောလုံးပြန်ဆယ်ရာမှာ ထူးချွန်သလို ကောင်တာ တိုက်စစ်တွေမှာ နေရာလွတ် အသုံးချနိုင်စွမ်း သိပ်ကောင်းပြီး ဒါဝင် နူးညက်စ်လို ထူးချွန် ကစားသမားကို ပိုင်ဆိုင်ထားပါတယ်လို့ ချီးကျူးသွားပါတယ်။
မန်စီးတီးပွဲမှာ ဗဟိုခံစစ်အတွက် ဗန်ဒိုက်ကို ကိုနတေးနဲ့ တွဲဘက်ပေးသင့်လား၊ မာတစ်နဲ့ တွဲဘက်ပေးသင့်လား ငြင်းခုံမှုတွေ ရှိနေပါတယ်။
နိုင်ငံတကာ သီတင်းပတ်အတွင်း လက်ရွေးစင် အသင်းတွေထံ ပူးပေါင်းထားတဲ့ လီဗာပူးအသင်းသားတွေ ဒဏ်ရာရကြောင်း သတင်းမျိုး ထွက်ပေါ်လာခြင်း မရှိသေးတာအတွက် စိတ်သက်သာရပါတယ်။
မန်စီးတီး ကွင်းလယ်လူ ရိုဒရီရဲ့ ဒဏ်ရာဟာ ပြင်းထန်ခြင်း မရှိဘဲ စနေနေ့ လီဗာပူးနဲ့ပွဲမှာ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။
မန်စီးတီး ကစားသမား ရီကို လူးဝစ်က သူနဲ့ ထရန့်ကြား နှိုင်းယှဉ်မှုတွေအပေါ် ဂုဏ်ယူစကား ပြောဆိုခဲ့ပြီး ထရန့်ထံကနေ ကြည့်ရှု သင်ယူမှုလုပ်နေကြောင်း ဝန်ခံခဲ့ပါတယ်။