မန်စီးတီးပွဲမှာ ပွဲထွက်လူစာရင်းအတွက် ခေါင်းခဲစရာ ရွေးချယ်မှုမျိုး ပြုလုပ်ရမယ့် နည်းပြကလော့ပ်

နည်းပြကလော့ပ်ဟာ စနေနေ့ မန်စီးတီးပွဲမှာ ကွင်းလယ်ခံစစ်နေရာ ဘယ်သူ့ကို ထုတ်သုံးမလဲ ဆိုတာအတွက် အလေးအနက် စဉ်းစားမှု ပြုလုပ်ရဖွယ် ရှိနေပါတယ်။

နိုင်ငံတကာ သီတင်းပတ်မှာ လီဗာပူး ကွင်းလယ်လူတွေဖြစ်တဲ့ မက်ကယ်လစ္စတာ၊ ဆိုဘိုစလိုင်၊ ဝါတာရုအန်ဒို၊ ဟာဗေး အယ်လီးယော့တို့ လက်ရွေးစင်အသင်းတွေနဲ့ ပူးပေါင်းထားကြတာပါ။ သူတို့အားလုံးထဲမှာ မက်ကယ်လစ္စတာဟာ ဒီမနက်မှပဲ ဘရာဇီးနဲ့ပွဲကို ယှဉ်ပြိုင်ပြီးခဲ့ပါတယ်။

မာကာဟာ လီဗာပူးကို သောကြာနေ့မှ ပြန်ရောက်လာမှာဖြစ်ပြီး အသင်းနဲ့ လေ့ကျင့်ရေး ပြန်ဝင်နိုင်မှာ မဟုတ်ပါဘူး။ နောက်တစ်ရက် နေ့ခင်း ၁၂-၃၀ မှာ အီသီဟက်ထံ သွားရောက်ကာ ပရီးမီးယားလိဂ်ပွဲစဉ် ဆက်လက် ယှဉ်ပြိုင်ရပါမယ်။

အခြားသော ကွင်းလယ်လူတွေဖြစ်တဲ့ ကာတစ်ဂျုံးနဲ့ ဂရာဗင်ဘက်ချ်တို့ကတော့ အက်ဆာမှာပဲ ကျန်ရစ်ခဲ့ကာ မန်စီးတီးပွဲအတွက် ကြံ့ခိုင်မှု ပြည့်နေမှာဖြစ်တယ်။ ဂက်ပိုကလည်း နယ်သာလန်အသင်းမှာ ပွဲချိန်ပြည့်တွေ ကစားခဲ့တာ မဟုတ်ဘဲ ကြံ့ခိုင်မှု ကောင်းနေပါတယ်။

ဆိုဘိုစလိုင်းကို ဂရာဗင်ဘက်ချ် ဒါမှမဟုတ် ကာတစ်ဂျုံး ဒါမှမဟုတ် ဟာဗေးဖြင့် တွဲဘက်ပေးဖို့ရာ အဆင်ပြေလောက်ပေမယ့် မာကာကတော့ ပွဲထွက်ကနေ ထုတ်သုံးဖို့ ကြံ့ခိုင်မှု အဆင်ပြေမလား မသေချာပါဘူး။ သူ့ကို ရွေးမလား ဝါတာရု အန်ဒိုကို ရွေးမလားကို နည်းပြကလော့ပ် သေချာလေး စဉ်းစားရနိုင်ပါတယ်။

လီဗာပူးအသင်းဟာ တိုက်စစ်မှာတော့ ရွေးချယ်စရာ များပြားနေပြီး နိုင်ငံတကာ သီတင်းပတ်မှာ တိုက်စစ်မှူးတိုင်း ခြေစွမ်းပြနေတာမို့ နည်းပြကလော့ပ်တော့ ခေါင်းခဲနေမှာပါ။

ခံစစ်မှာတော့ အယ်လီဆန်၊ ထရန့်၊ ဗန်ဒိုက်တို့ ပါဝင်ဖို့ သေချာနေပြီး အခြား ၂ နေရာအတွက် ဘယ်သူတွေကို ထုတ်သုံးမလဲက စိတ်ဝင်စားစရာ ဖြစ်ပါတယ်။