

နိုဝင်ဘာလ နိုင်ငံတကာ သီတင်းပတ်ဟာ ဒါဝင် နူးညက်စ်အတွက်တော့ သာယာဖွယ်ရာ ကောင်းမွန်ခဲ့ပြီး သူဟာ ဥရုဂွေးအတွက် သွင်းဂိုးတွေ ဆက်တိုက် ရယူပေးခဲ့ပါတယ်။
အာဂျင်တီးနားကို ၂-၀ ဖြင့် အနိုင်ရတဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ သွင်းဂိုး ၁ ဂိုးရခဲ့တဲ့ ဒါဝင်ဟာ ဘိုလီဗီးယားကို ၃-၀ ဖြင့် အနိုင်ရတဲ့ ခြေစစ်ပွဲမှာလည်း ကိုယ်တိုင် ၂ ဂိုး သွင်းယူခဲ့ပါတယ်။
ဒါဝင် ခြေစွမ်းတွေပြနေခြင်းနဲ့အတူ ဥရုဂွေးဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စုအဆင့်မှာ ၁၃ မှတ်ဖြင့် အာဂျင်တီးနား (၁၅ မှတ်) နောက် ဒုတိယနေရာက ရပ်တည်နေပါတယ်။ မက်ဆီကဆိုရင် ဘရာဇီးကော အာဂျင်တီးနားပွဲမှာပါ ဂိုးတွေ သွင်းပြခဲ့တဲ့ ဒါဝင်နူးညက်စ်ဟာ ‘ထူးချွန်တဲ့ တိုက်စစ်မှူး’ ဖြစ်ကြောင်း ဖော်ထုတ် ချီးကျူးခဲ့ပါတယ်။
🇺🇾 Darwin Nunez’s second goal for Uruguay vs. Bolivia and the scenes afterwards, with Luis Suarez watching on.
5 goals, 3 assists in 6 games since Marcelo Bielsa took over.
👏 12 goals, 9 assists in 23 games for #LFC and Uruguay this season. pic.twitter.com/Lx1F86Er7I
— Jack Lusby (@LusbyJack) November 22, 2023
ဒီရာသီ စတင်လာတည်းက ဒါဝင်ဟာ ကလပ်နဲ့ လက်ရွေးစင်အတွက် ပြိုင်ပွဲစုံ ၂၃ ပွဲမှာ သွင်းဂိုး ၂၁ ဂိုးအတွက် ပါဝင်ထားပြီ ဖြစ်ပါတယ်။ သူဟာ ပွဲချိန်ပြည့် ပွဲထွက် ကစားမှုတွေ လုပ်ခွင့် မရသေးပေမယ့် ကလပ်နဲ့ နိုင်ငံအဆင့်မှာ အတော်လေး အခြေချလာနေပြီ ဖြစ်ပါတယ်။
ဒီအပတ် စနေနေ့မှာတော့ လီဗာပူးဟာ အီသီဟက်ကွင်းထံ သွားပြီး မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒါဝင်ဟာ ဆာလာ၊ ဒီယက်ဇ်တို့နဲ့အတူ တိုက်စစ်မှာ ပွဲထွက်ခွင့်ရမယ်လို့ မျှော်လင့်ထားရတယ်။
ပေါက်ကွဲအား ကောင်းကောင်း ကစားနိုင်သလို အရှိန်ကောင်းကောင်း ကစားနိုင်တဲ့ ဒါဝင်ဟာ မနှစ်က ကွန်မြူနတီဒိုင်းပွဲမှာ မန်စီးတီးကို ရင်ဆိုင်ပြီး ဂိုးသွင်းခဲ့သလို ဒီအပတ်မှာလည်း အသင်းအတွက် ဂိုးသွင်းနိုင်ဖို့ မျှော်လင့်လာနေကြပါတယ်။