မန်စီးတီးပွဲမှာ အသင်းအတွက် ပါဝင်ကစားပေးဖို့ ကိုစတက်မှာ ဘာပြဿနာမှ မရှိပါဘူး။ သူ့ရဲ့ ကြံ့ခို်င်မှုဟာ ဒီအပတ်အတွက် အကောင်းဆုံး အခြေအနေမှာ ရှိနေပါတယ်။
အက်ဖ်အေဟာ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ဘဏ္ဍာရေး ချိုးဖောက်မှုဆိုင်ရာ ကိစ္စတွေကို ပြန်လိုက်နေပြီး ဒီဖိုးကို ပိုစ့်မောက်ကနေ စပါးအသင်း ခေါ်ယူခဲ့တဲ့ ကိစ္စမှာလည်း မမှန်ကန်တာတွေ ရှိနေတယ်ဆိုတာ ပြန်စစ်ဆေးနေပါတယ်။
ဘာစီလိုနာကတော့ ဇန်နဝါရီမှာ သီယေဂိုကို ခေါ်ယူရေး ကိစ္စအား ငြင်းဆန်ထားပြီး ဂါဗီနေရာ အစားထိုးဖို့ မည်သည့် ကွင်းလယ်လူမှ ခေါ်ယူမှာ မဟုတ်ကြောင်း ပြောလာပါတယ်။
ကိုနတေးက နိုင်ငံတကာ သီတင်းပတ်အတွင်း Gym မှာ လေ့ကျင့်ရေး လုပ်နေတဲ့ ပုံရိပ်ကို သူ့ရဲ့ အင်စတာဂရမ်ကနေ ဖော်ပြသွားပါတယ်။
လူးဝစ် ဆွာရက်ဇ်က ဥရုဂွေး အသင်းဖော် ဒါဝင် နူးညက်စ်ဟာ ကမ္ဘာ့အကောင်းဆုံး နံပါတ် ၉ တွေထဲက တစ်ဦးဖြစ်တယ်လို့ ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။
ဗန်ဒိုက်ဟာ နည်းပြကလော့ပ်နဲ့ အတော်လေး ဆက်ဆံရေးကောင်း ရှိထားပါတယ်။ သူကတော့ ကလပ်ထံ ဝင်ရောက်လာတဲ့ ကြယ့်ပွင့်အသစ်တွေနဲ့အတူ တစ်ကျော့ပြန် ဆုဖလား စိန်ခေါ်ရေးမှာ အများကြီး တာဝန်ရှိတယ်လို့ ကိုယ့်ဘာသာ ခံယူထားပါတယ်။
လီဗာပူးအသင်းရဲ့ ကွင်းလယ်ခံစစ် ပစ်မှတ်တွေထဲမှာ ဘရာဇီးသား အန်ဒရေး လုံးဝ မပါဝင်တော့ဘဲ အခြားသူတွေကိုပဲ ပြောင်းလဲ စောင့်ကြည့်နေပါပြီ။
ပရီးမီးယားလိဂ် ဝေဖန်ရေးသမား တစ်ဦးဖြစ်တဲ့ ဆိုင်မွန် ဂျော်ဒန်ကတော့ ဒီရာသီမှာ မန်စီးတီးထက် လီဗာပူးကိုပဲ ပိုပြီး စိတ်ဝင်စား စောင့်ကြည့်နေမိတယ်လို့ ဆိုပါတယ်။
X လူမှုကွန်ယက်မှာတော့ ဖာမင်နိုနဲ့ ဂျေးဆုမှာ ဘယ်သူက ပိုကောင်းတဲ့ ပါရမီရှင် တိုက်စစ်မှူးလည်း ဆိုတာကို အငြင်းပွားမှု ပြင်းထန်နေပါတယ်။